သူလိုကိုယ်လိုကောင်
မျိုးမြင့်ချို
ဇွန် ၁၃၊ ၂၀၀၉
ဘဝမှာ
ပြောစရာ
များများစားစားမရှိပါဘူး။
သူလိုကိုယ်လို
ထောင်လေးဘာလေးကျဖူးတယ်၊
သူလိုကိုယ်လို
တော်လှန်ရေး ဘာညာပြောတယ၊်
သူလိုကိုယ်လို
လက်မထောင်တယ်၊
သူလိုကိုယ်လို
နိမ့်ရာကို လှံစိုက်တယ် ၊
သူလိုကိုယ်လို
ဟင်းဖတ်လည်း ပါပါ ပေးတယ်၊
သူလိုကိုယ်လို
ပါးလည်းပြောင်တယ်၊
သူလိုကိုယ်လို
ပျော့ညံ့တယ် ပျော့ပျောင်းတယ်၊
သူလိုကိုယ်လို
တည်ငြိမ်တယ် တွေဝေတယ် ၊
သူလိုကိုယ်လို
ကာလာမသုတ္တံနဲ့ ၊ဝိဘဇ္ဇဝါဒကို ကြိုက်တယ်၊
သူလိုကိုယ်လို
ဥခွံဟောင်းနဲ့ ကလီရှေးကို နှစ်ခြိုက်တယ် ၊
သူလိုကိုယ်လို
ပိယေဟ ဝိပယောဂေါ ဒုက္ခော၊
သူလိုကိုယ်လို
အပိယေဟိ သံမယုတ္တကော ဒုက္ခော။
သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုတွေချည်းပါပဲ ။
ဒါပေမယ့်
မင်းသားခေါင်း မဆောင်းဖူးဘူး၊
ဧည့်ခန်းဆောင်မှာ
ယဉ်ကျေးယောင် မဆောင်ဖူးဘူး၊
မယုံတာကို ယုံတယ်လို့
ယုံတာကို မယုံဘူးလို့ မပြောဖူးဘူး ၊
အသေချာဆုံးကတော့
ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ်ကိုရှာရင်း
ဆင်းရဲတွင်းကို မရှောင်ဖူးဘူး။
အင်း…
ပြောရင်း ပြောရင်းနဲ့
သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုကောင်
မောင်းတင်လိုက်ပြန်ပေါ့။ ။
Comments
[url=http://www.time4love.ch] [img]http://c4.ac-images.myspacecdn.com/images02/55/l_25d659e783944cca8c2cb9085b5625ff.jpg[/img]
friendscout24
swissfriends
swissflirt
sie sucht ihn
[/url]
I identified moemaka.blogspot.com after previous months and I'm very excited much to commence participating. I are basically lurking for the last month but figured I would be joining and sign up.
I am from Spain so please forgave my speaking english[url=http://smartthoughtsli.info/].[/url][url=http://disportsnews.info/forum].[/url][url=http://obworlddiscovery.info/forum].[/url]