Ne Win AUng -POEM

သင်းကွဲငှက်ရဲ့အသံ

နေ၀င်းအောင်

ဇွန် ၂၁၊ ၂၀၀၉

သမုဒ္ဒရာ ဟိုတဖက်က

သင်းကွဲငှက်တကောင်ရဲ့အသံဟာ

ခါတိုင်းလိုမစူးရှပေမယ့်

လွမ်းမြမြနိုင်လှပြီး

ဖွဲမီးလိုတမြေ့မြေ့……

ဘ၀ကို ရန်မတွေ့လည်း

ကျိန်ဆဲနေလောက်အောင်

အတောင်တွေကျိုးခဲ့ရ

ဝေးမှနီးလေတဲ့ငှက်

ဥခွံထဲက ပြက္ခဒိန်ကို

လွမ်းချိန်ရှိသေးသတဲ့…….

ဆူး

ခြုံ

မီးတော

မုဆိုးပေါပါစေ

အဆင်တူငှက်တွေရှိရာ

ဟိုး…..တဖက်ကမ်းမှာ

ရာသီပြောင်းအောင် တွန်ချင်သေးသတဲ့…..

ဒဏ္ဍာရီထဲမှာ

ခဲမှန်ဖူးတာကို မေ့

ပစ္စုပ္ပန်ကို ခံတွင်းမတွေ့တဲ့အကောင်

ဘရူးတပ်စ်တောင်လက်ညောင်းတုန်း

ကျောကုန်းကဓားတွေမနှုတ်ဘဲ

အိပ်မက်ထဲကအတိုင်း

ခပ်ရိုင်းရိုင်းအော်ဟစ်

အိမ်ပြန်ဖြစ်တာ ခဏ….ခဏ

မသနားကြပါနဲ့…..။

Comments

kolay said…
ဆရာရေ
အစလေးကို မဆုံးသွာပါစေနဲ့။ လူမိုက်အားပေးရှိတုန်း လက်စွမ်းပြလိုက်စမ်းပါ။ ဆက်လက်စောင့်မျှော်နေပါမယ်။
ကိုလေး