Zay Hmine - The River Bank Poem

07halloweenpennant357wpsb

ကမ်းပါး

ဇေမှိုင်း

ဇွန် ၂၊ ၂၀၀၉

အဖြေ မရှိရှာကြဘူး၊၊

မှိုတွေနဲ့ မှို့ တွေ မကွဲရှာကြဘူး၊၊

သုညရေးတတ်ရင် ဝလုံးဖြစ်မယ် ထင်ကြတယ်၊၊

အဖြေ မရှိရှာကြဘူး

“ပင်လယ်ကို တွေ့လိမ့်မယ်

အော်သံကို တွေ့လိမ့်မယ်”

ကဗျာ မရှိရှာကြဘူး၊၊

မြစ်ဘေးမှာ ထိုင်တယ်၊၊

အဖြေ မရှိရှာကြဘူး၊၊

ရေအိုင်နားကို သွားတယ်၊၊

အဖြေ မရှိရှာကြဘူး၊၊

မနေ့ညက

ကဗျာတပုဒ်ရတယ်

အဖြေ မရှိရှာကြဘူး၊၊

Comments