နယူးယောက် မြန်မာသံရုံးကို အာဇာနည်ဗိမာန်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံချိတ်၊ ပန်းခွေချ
မိုးမခ ရွာဆော်ကြီး
ဇူလိုင် ၂၀၊ ၂၀၀၉
ယမန်နေ့က ကျရောက်သော ၆၂နှစ်မြောက် မြန်မာပြည် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နယူးယောက်ရှိ မြန်မာမိသားစုများက ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ကျင်းပကြရာတွင် ထူးထူးခြားခြား မြန်မာစစ်အစိုးရ၏ သံရုံးမျက်နှာစာကို အာဇာနည်ဗိမာန်သဖွယ် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများ၊ စာတမ်းများ ချိတ်ဆွဲပြီး လွမ်းသူ့ပန်းခွေချသည့် အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ထိုနောက် ထိုမြန်မာသံရုံးရှေ့တွင် စစ်အုပ်စု၏ မတရားမှုများကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြပွဲ ကျင်းပခဲ့သည်ကို တွေ့ရသည်။ (Photo - Emerald Soe, Burma Point)
Comments