ထူးခြားသည့် ဗီဒီယို ဇာတ်ကား အမည်များ
ဓာတ်ပုံသတင်း
ဇူလိုင် ၂၅၊ ၂၀၀၉
ကျော်ရဲအောင် (photo: planet)
(photo: weekly eleven)
သရုပ်ဆောင် ကျော်ရဲအောင် လက်ရှိရိုက်ကူးနေသော ဗီဒီယို ဇာတ်ကား၏ အမည်မှာ “ထူးလည်းထူးတယ် မြူးလည်းမြူးတယ် တို့ကိုကြီးကျော်” ဖြစ်သည်ဟု သိရသည်။
ဒါရိုက်တာ မိုက်တီးကလည်း ထူးခြားသည့် အမည် ၂ ခုဖြင့် ဗီဒီယို ဇာတ်ကားများ ရိုက်ကူးထားသည်။ တခုမှာ “ဂေါက်ချက်ကတော့ ကမ်းကုန်ပဲ”ဟု အမည်ရသည်။ ဂေါက် ဆိုသည်မှာ ရူးသွပ်ခြင်းဟု အဓိပ္ပာယ်ရသည့် ဗန်းစကားဖြစ်သည်။
အခြား ဗီဒီယို ဇာတ်ကားတခုကို “ဖိုမဆက်ဆံရေး” ဟု အမည်ပေးထားသည်။ ဇွန်လ ၁၂ ရက်နေ့ထုတ် Bi Weekly ဂျာနယ်တွင် ဖော်ပြထားချက်အရ ထိုကားတွင် ပြေတီဦး နှင့် မိုးဟေကို တို့ ပါဝင်သည်ဟု ဆိုသည်။

Comments