Fort Wayne Burmese Magazine & Mar Mar Aye's Birthday


ဖို့ဝိန်းမြို့ မြန်မာမိသားစုများ၏ ဖူးပွင့်ဝေ စာစောင် ထုတ်ဝေ

မွေးနေ့ရှင် ဂီတပညာရှင် မာမာအေးနေအိမ်တွင် အမှတ်တရ မိတ်ဆုံစားကြ

မိုးမခအထောက်တော် ၀၀၂

ဇူလိုင် ၂၇၊ ၂၀၀၉

အမေရိကန်ပြည်၊ အင်ဒီယာနာနယ်၊ ဖို့ဝိန်းမြို့နေ မြန်မာမိသားစုများ ၀ိုင်းဝန်းစီစဉ်ကြသည့် ဖူးပွင့်ဝေစာစောင်ကို ဇူလိုင်လ ၂၆၊ တနင်္ဂနွေနေ့က ပထမဦးဆုံး ထုတ်ဝေဖြစ်သည်။ ထိုနေ့တွင် ဂီတအနုပညာရှင်ကြီး (ဒေါ်) မာမာအေး၏ မွေးနေ့အမှတ်တရအဖြစ်လည်း ဖို့ဝိန်းမြို့ခံ မြန်မာမိသားစုများ၊ မြို့နယ်မဂ္ဂဇင်းထုတ်ဝေသူများ စုဝေး ဂါရ၀ပြုကြပြီး ဒေါ်မာမာအေးက မြန်မာမိသားစုတို့အတွက် ပျော်ရွှင်ဖွယ် မိတ်ဆုံစားပွဲ စီစဉ်ပေးခဲ့ကြောင်း သိရပါသည်။

ဖို့ဝိန်းမြို့နေ စာပေ၀ါသနာရှင်များ၊ စာပေအနုပညာရှင်များက ဖူးပွင့်ဝေမဂ္ဂဇင်းကို တယောက်တလက် စုပေါင်း၍ ၀ိုင်းဝန်းတိုင်ပင်စီစဉ်ခဲ့ကြပြီး မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် မြန်မာလူမှုရှုခင်းတို့ကို ထင်ဟတ်သည့် စာစောင်အဖြစ် ရပ်တည်ကြမည်ဟု ဆိုသည်။ (ဓာတ်ပုံ - ခင်မောင်လေး)

Comments