မြောက်ကိုရီးယား သင်္ဘော Kang Nam ပြည်တော်ပြန်ပြီ
www.koreaherald.co.kr
ဇူလိုင် ၇၊ ၂၀၀၉
ပြည်တော်ပြန်သည့် သင်္ဘော (ဓာတ်ပုံ-AP)
ဆန်များ တင်ဆောင်မည်ဟုဆိုကာ ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ဇူလိုင် ၄ ရက်နေ့က ဆိုက်ကပ်ခဲ့သော မြောက်ကိုရီးယားသင်္ဘော M.V DU MAN GANG (ဓာတ်ပုံ - မိုးမခ)
www.koreaherald.co.kr
ဇူလိုင် ၇၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttZP2uLvXoEcQqCJtvC56bB25L2nrCVzK92poQ5GVUM5TiT0Z8msDdh_aF56PNov0lmKpA3avrFNf3QGBlO2NaoCLM2x9T2rrrkYTInmcVMI9bBcpJbU_r54NKJRG8a4oXBFYRXDWhyphenhyphenad/s400/kang-nam.jpg)
တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ထားသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘော Kang Nam သည် ပင်လယ်တွင် ၃ ပတ်ကြာ ခုတ်မောင်းနေပြီး နေရပ်ရင်းသို့ ပြန်နေပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များက ပြောသည်။
“သင်္ဘောက Nampo ဆိပ်ကမ်းကို ဒီနေ့ ကပ်မယ်လို့ ထင်ပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရအရာရှိ Won Tae-jae က ထောက်လှမ်းရေး အစီရင်ခံစာများကို ကိုးကားပြီး ပြောသည်။
အဆိုပါ သင်္ဘောသည် ဇွန် ၁၇ ရက်နေ့မှ စတင်ပြီး ၃ ပတ်ခန့် ခုတ်မောင်းနေခြင်း ဖြစ်သည်။ ကုန်သွယ်မှုလုပ်ငန်း တချို့ လုပ်ကိုင်ခဲ့သည့် မြန်မာပြည်ဘက်သို့ ခုတ်မောင်းခဲ့သည်ဟု ယူဆရသည်။
နိုင်ငံတကာက လေ့လာနေသဖြင့် သင်္ဘော လမ်းကြောင်း ပြောင်းသွားခြင်း ဖြစ်မည်ဟု အများက ယူဆနေကြသည်။
ထိုသင်္ဘောသည် လမ်းကြောင်း ထပ်မံပြောင်းပြီး မြန်မာပြည်ဘက်သို့ ခုတ်မောင်းသွားမည်ဟု မယူဆကြောင်း ယမန်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိများက ပြောသည်။
သင်္ဘောပေါ်တွင် တားမြစ်ထားသည့် လက်နက်များ တင်ဆောင်လာပါက ကမ်းကပ်ခွင့် ပြုမည်မဟုတ်ဟု မြန်မာအာဏာပိုင်တို့က အစောပိုင်းတွင် ကြေညာခဲ့ဖူးသည်။
သင်္ဘောတွင် ရိုင်ဖယ် ကဲ့သို့ လက်နက်ငယ်များ တင်ဆောင်လာသည်ဟု တချို့က ယူဆပြီး၊ တချို့ကလည်း မည်သည့်ပစ္စည်းမျှ သယ်ဆောင်သွားခြင်း မရှိဟု အမျိုးမျိုး သုံးသပ်နေကြသည်။
မြောက်ကိုရီးယားအစိုးရကမူ ၎င်းတို့၏ သင်္ဘောကို စစ်ဆေး ရှာဖွေပါက ခုခံ တိုက်ခိုက်မည်ဟု ကြေညာထားသည်။

![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVUHRZX1salV3_RmZJ4RsIo-0L4k4BOXUu-RpDbDJAyo7yFPdwCeMXFwKEqvjtStzxHy4Nz9m1KIVKo4PWFj0_UlFnVyzJNRNZ5NNYlc_s_jBwpmcz7KplmjpFEefAZdT_f7HMS9mDeE/s400/csIMG_4694.gif)
Comments