Kyaw Thu Moe Myint - 62 Years of Anniversaries

နှစ်ပတ်လည်

(၆၂ နှစ်မြောက် အာဇာနည်နေ့)

ကျော်သူမိုးမြင့်

ဇူလိုင် ၁၆၊ ၂၀၀၉

ဇူလိုင် ၁၉

တပြည်လုံး မိုးအုံ့ခဲ့

ဝမ်းနည်းခြင်းသာ

မက်မက်မောမော ခံတွင်း တွေ့ခဲ့ကြ ...

ကျည်များ

သန်း ၅၀ ကျော် အနာဂတ်တွေထဲ

နစ်ဝင်

မျှော်လင့်ခြင်းများ

လှိုင်းမပုတ်တော့တဲ့ ကမ်းခြေ

အသေလို ...

နှစ်များ

အထင်ကရ သွေးစက်တို့

ရှင်သန်နေတုန်း

အာဇာနည် သွေးစဉ်မျိုးဆက်တို့

ရှိနေတုန်း

ဇူလိုင် ၁၉

ကမ္ဘာမြေဟာ

၆၂ ကြိမ်မြောက် ထပ်မံတိမ်းစောင်းလို့

တပြည်လုံး မိုးအုံ့ခဲ့။

(ဇူလိုင် ၁၄၊ ၂၀၀၉)

Comments