
အ၀ိုင်းလေးက ပိတောက်နဲ့ စိန်ပန်း
မာမာအေး
ဇူလိုင် ၈၊ ၂၀၀၉
ဇူလိုင် ၇ ရက်
ယမ်းငွေ့ပက်၍
ခါးသက်စိတ်နာ
ပိတောက်ဝါညို
မပွင့်လိုမို့
ပုန်းခို ရိုးပြိုင်း
ညွတ်ကိုင်း ကြဲတောက်
ရှိန်းကိုယ်ဖျောက်သော်
သင်းလှောက် နံ့ရှား
စိန်ပန်းများစွာ
ဖူးငုံအာသည်
သူ့မှာ သွေးသောက် ရသောကြောင့်
ဇူလိုင် ၇၊ ၂၀၀၉
(မိုးမခ ရေ … ။ နှစ်တွေတော့ ကြာပြီ။ တက္ကသိုလ်က ဆဲဗင်း ဇူလိုင် ကိစ္စပြီးတော့ ဇူလိုင်ပိတောက်၊ နွေပိတောက်တွေ လေး၊ ငါး နှစ် မပွင့်တော့တာ အမှတ်ရလို့ ရေးဖြစ်တာပါ။ )
Comments