Mar Mar Aye - Poem for Martyrs' Day

ငယ်စိတ်

မာမာအေး

ဇူလိုင် ၁၉၊ ၂၀၀၉

ငယ်တုန်းကလေ

ကိုယ့်မွေးမေက

ဖတ်ရသတင်း

ရင်တွင်းမချမ်း

သောင်းကျန်း ရောင်စုံ

ဘေးကြုံရတာ
“မြေဇာပင်” တွေ

ပြည်သူပေမို့

“ဗိုလ်တေဇသာ ပြန်ရှင်ပါတော့”

အားလျော့ စိတ်ပျက်

ငိုသံစွက်တော့ …

လျှပ်လက်စိတ်ပေါ်

“သိကြား ခေါ် အမေ”

သက်ရှည် ကျန်းမာ

သူပြန်လာအောင်

စွမ်းဆောင် ကယ်တင်

ရုပ်ရှင်ထဲမှာ

မြင်ဖူးတာပဲ

သူလဲ လူကောင်း

အပေါင်းကြည်ညို

“နတ်” ဆို ပိုသိ

တောင်းဆိုကြည့် ဟု

ဆုပြည့်စေရာ
ပြောသောခါဝယ်

“မာတာ” ငိုစိတ်

ရယ်ကြောဖိတ်သည်

အတိတ် ၀ိုးဝါး၊ တဟားဟား။

Comments