![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcm4Ya6d8ytiIr3u6sJqhj-K3JwA3GD8UjQNdDrBkYVzr4hqgtiU6VUCy5FUjyU1Qs4jdRZBBkVfWNoXHIOQDTaQ0aRQwOtS0uV01v-dzhrQTjQIKDoEJvOG0rp0XjiaTfZXJ63TqNTek/s400/pan.jpg)
အာဇာနည်တွေနေတဲ့တိုင်းပြည်
မိုးသော်သိန်း
ဇူလိုင် ၁၄၊ ၂၀၀၉
ကမ္ဘာပေါ်မှာ အာဇာနည်များစွာ ပေါ်ထွန်းခဲ့သည်။ မြန်မာမှလည်း အာဇာနည်များစွာ ပေါ်ထွန်း ခဲ့သည်။ ဇူလိုင် (၁၉) ရက်နေ့သည် အထင်ကရ ရှိသော အာဇာနည်နေ့ ၊ စွန့်လွှတ်မှုကြီး အတွက် ဆောက်တည်ရာ မဲ့ခဲ့ကြသောနေ့၊ မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုးခဲ့ရသောနေ့၊ ထိုတနေ့ကို လွမ်းဆွတ်စိတ်နှင့်အာရုံပြု သည်းကြွေလုလု ရှိနေဆဲဖြစ်ကြသည်။ ယနေ့မြန်မာပြည်ထဲတွင် အမှောင့် ကာလ၊ ပယောဂထလို့ ၊ အလေးမပီ မညီမညာနဲ့၊ ဥသြမဆွဲ၊ ရောလှိုက်ငိုတင်းမရပါ။ မဟုတ်သည် တို့ ကိုပြောင်းလဲလို့ မဟပ်သည်တို့ကိုပြုပြင်မှ ညီညာစွာ ပြည်ရွာသာ တည် ဆောက်နိုင်ကြမည်ဖြစ်သည်။
အာဇာနည်အဓိပ္ပါယ်ကို နည်းနည်းလောက် မြည်းစမ်းကြည့်မည်ဆိုလျှင် ဘယ် လောက် အထိ စွန့်လွှတ်ထားသည်၊ ဘယ်လောက်အထိ ယုံကြည်မှုရှိသည်၊ ဘယ်လိုမြင့်မြတ်သည် စသည်ဖြင့် တိပခြုံငုံလျင် … အာဇာနည်ဆိုသည် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးဖြစ်အခြေအမြစ်များ အပေါ်ယုံကြည်မှုအပြည့်အ၀ထားရှိ၊ စွန့်လွှတ် လုပ်ကိုင်ရာတွင် မိမိပိုင်ဆိုင်မှု၊ ဆက်နွယ်မှု တို့သာမက လိုအပ်ပါက အသက်ကိုစိတ်ချစွာပေးအပ်သည်။ ‘အာဇာနည်‘ ။
အာဇာနည်တွေနေတဲ့တိုင်းပြည်၊ အာဇာနည်အရေး၊ အာဇာနည်သွေး၊ အာဇာနည်စိတ်ဓါတ်၊ အာဇာနည်လုပ်ရပ် …
“ဟိုက်” အတွေးထဲ တွင် “အိုက်”သွားအောင်ပေါ်လာသည်။
တေးသံရှင် R ဇာနည် ( သံတူကြောင်းကွဲ အာဇာနည်)။
“ခက်ပြီ” ဘယ်လိုပင်ရှေ့ဆက်ရမည်မသိ။
“ရေးချင်တာက မြင့်မြတ်အာဇာနည်၊ အတွေးဝင်လာတာက တေးသံရှင် R-ဇာနည်” ။
လူတွေကိုအရေးတကြီး ပြောစရာရှိနေပါလျှက် တခြားအလုပ်တွေ လျှောက်လုပ်ပြီး ကိုယ့်အင်အား ကိုယ်ဖြုန်းတီးနေခြင်းသည် ပြစ်မှုပင်ဖြစ်သည် (ရမ်းပေါဆတ်)။
အမြင်မတော်သည်က ဆင် တော်လောက်ရှိသော “ခလောက်” ကြောင့်ဖြစ်သည်။
လူတိုင်းကိုယ်စီအတ္တရှိကြသည်။ မိမိကိစ္စကိုသာ စဉ်းစါးသည့် (self interest) အတ္တ နှင့် ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုသည့် (self importance) အတ္တတို့သည် မြင့်မြတ်သော စေတနာသဒ္ဓါ တရားတို့ကို ရုပ်လျှော့စေသည်။
“ The virtue beneficence does, and indeed should, occupy an important place in the moral institution of life .” ( James Rachels).
ထို့ကြောင့်လူမှုအဆောက်အအုံတည်ဆောက်ရာတွင် မြင့်မြတ် သော စေတနာ သဒ္ဓါတရားတို့ကို အရင်းခံဖြစ်သင့်သည်။ အောင်မြင်စွာပြီးဆုံးသော တော်လှန်ရေးဧ။်နောက် ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် စာရိတ္တ ( Moral reform) ကို စိတ်ရှည်လက်ရှည်ကိုင်တွယ်သင့်သည်။
အတ္တနှင့် မည်မျှယဉ်ပါး ကြစေကာမူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း မည်သည့်မိဘ၊ မည်သည့်အခါပေး တယောက်မျှ “အောင်ဆန်း” ဟူ၍ ကလေးကင်ပွန်းမတပ်ခဲ့ပေ။ ပြည်သူတို့၏ အသည်းနှလုံးမှ ပိုင်ဆိုင် သော “အောင်ဆန်း” ဟု အားလုံးနားလည် သဘော ပေါက် ထားသောကြောင့် ဖြစ်သည်။
အာရုံခံ တန်ဆောင်းထဲ ရုပ်ပွါးတော်ရှေ့ ငုတ်တုတ်ထိုင်နေသော မျောက်ကို မည်သို့ ချောက်လှန့်ရမည်။ အတွေးခက်ခက်ဖြင့် ရေးမထွက်နိုင်ခဲ့ပါ။ လွဲနေတာရှိသော်လည်း R ဇာနည်တွင် လွဲမှားခွင့်ရှိ သင့်သလောက် ရှိမည်။ သူ၏ အခွင့်အရေးတရပ်ဟု ယူဆသော်ရ၏။
သို့သော် တိကျစွာပင် အဓိကနေရာ ၀င်၍ အများနှင့် ပါတ် သက်လာပြီ၊ တပြည်လုံးနှင့်သက်ဆိုင်လာပြီ၊ ဆိုမှဖြင့် R ဇာနည်သည်လည်း နာလိုပါစေ၊ အများအတွက် လည်း အကျိုး ရှိပါစေ၊ မှန်လည်းမှန်ကန်ပါစေ၊ ဆိုသော စေတနာရှေ့ထား လမ်းမှန်သို့ မသွေ တိုက်တွန်းရ မည်ဖြစ်သည်။ အာဇာနည် နှင့်ပါတ်သက်၍ နောက်သလိုလို၊ နှောက်သလိုလို မျိုးလည်း မရှိခဲ့ကြပါ။ ဖျောက်ဖျက်ရန်ကြိုးစားလည်း အချည်းနှီးပင် ဖြစ်သည်။
လွန်ခဲ့သော အနှစ်သုံးဆယ် ၀န်းကျင်များက သီတင်းကျွတ် ကျောင်းပိတ်ရက်မျိုး ရပ်ကွက်အတွင်း ရုပ်ရှင်ပြပွဲများ ရှိခဲ့ကြသည်။ ဗဟိုသတင်းစဉ်မှ မှတ်တမ်းရုပ်ရှင်များလည်း ပြသခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ ခေါင်းဆောင်ကြီများ လုပ်ကြံခံရပုံ မှတ်တမ်းရုပ်ရှင် ပြသနေစဉ် မြေပဲဆား လှော်၊ ဇီးထုပ်၊ ဈေးသည်က ပွဲခင်းထဲ ဈေးဝင်ရောင်းသည်။ ရုပ်ရှင်ဆလိုက်မီးတန်းထဲ ဈေးသည်၏ ခေါင်း ၀င်၍ ပိတ်ကားပေါ်မှာ အရိပ်ကွယ်နေသည်။ ဖယ်ပေးရန် ၀ိုင်းအော်ကြသည်။ ဈေးသည်ကလည်း ဗဟိုသတင်းစဉ်ဆိုပြီး ဈေးရောင်း ဈေးဝယ်ကိုသာ ဂရုစိုက်နေသည်။
“အားပါး တခါတည်း ဒီလိုဒီလို အားပေး လိုက်ကြတာ”
ကြာလေ ကြာလေ ပိုဆိုးလာသည်။
“နားမပါဘူးလား” တို့ “ဘယ်ဥက ပေါက်တာလဲ” တို့ ဘာတို့ ညာတို့ စုံနေတာပဲ။
ခေါင်းကွယ်ရုံခဏတဖြုတ်ကို သည်လောက်အထိ အော်စရာ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ ၀မ်းနည်းစရာမှတ်တမ်းရုပ်ရှင်မို့ ဖြစ်ပေမည်။ သို့မို့ R ဇာနည်ထံ တောင်းပန် အလှူခံရင်း မျောက်နှင့် နှိုင်းတယ်လို့လည်း အနာ မယူပါနှင့်။ ခေါင်းကကွယ် တယ်လို့လည်း ဆိုရင်းမဟုတ်ပါ။
ပါရမီမြောက် ဖြည့်စွက်မှုဟာ ပါရမီ၊ ကုသိုလ်နှင့် ကျော်ကြားမှု တို့ကိုရသည်၊ ကုသိုလ်ပြုမှုဟာ ကုသိုလ်နှင့် ကျော်ကြားမှုကိုရပြီး ပါရမီတော့ မဖြစ်ပါ။ ကျော်ကြားမှုသက် သက်အတွက်သာ လုပ်ဆောင်ပါက ကျော်ကြားမှုသာ ရ၍ ကုသိုလ်နှင့် ပါရမီ မရပါ။ (ဘဒ္ဒ န္တ ကေါသလ)။
“ငါတို့ဟာ မနက်ဖြန်မှာ သူရဲကောင်းတွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင်အာဇာနည်တွေ ဖြစ်ကုန်လိမ့်မယ်” လို့(နယ်လဆင် ) က နိုင်းမြစ်ဝှမ်းကို ဆန်တက်နိုင်ခဲ့သည်။
Comments