အာဇာနည်ဗိမာန်သို့ အလေးပြုသူများတွင် ဗိုလ်ချုပ်ပုံ တီရှပ်နှင့် ပင်နီဝတ်ဆင်သူများ တားမြစ်ခံရ
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၂၂၊ ၂၀၀၉
ဇူလိုင်လ ၁၉ရက်၊ ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ သွားရာလမ်းတွင် စစ်အုပ်စု၏ လက်နက်ကိုင်များ၊ အရပ်ဝတ် အကြမ်းဖက်သမားများကို ထူထပ်စွာ ချထားပြီး အများပြည်သူတို့ ထိတ်လန့်ကြောက်ရွံ့စေရန် အင်အားပြမှုများ ပြုလုပ်ခဲ့သည့်အပြင် ပင်နီအင်္ကျီ ၀တ်ဆင်သူများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်ဝတ်ဆင်ထားသူများကို အထူးပစ်မှတ်ထားပြီး အနှောက်အယှက်ပေးခြင်း၊ တားမြစ်ခြင်း၊ ခြိန်းခြောက်ခြင်းများကို လက်နက်ကိုင်လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲဖက် ထောက်လှမ်းရေးများက ပြုလုပ်ခဲ့ကြကြောင်း မျက်မြင်တို့က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ဆုတောင်းပွဲများ ဆောင်ရွက်သူ နော်အုန်းလှနှင့် မိတ်ဆွေများတို့ကို ထိုနေ့က ဗိုလ်ချုပ်ပုံပါ တီရှပ်တို့ဖြင့်တွေ့မြင်ခဲ့ကြရာ၊ ၎င်းတို့ကိုလည်း စစ်အုပ်စုတို့က အနှောက်အယှက်ပေးခဲ့ကြသည်ဟု ကြားကြောင်း ထိုမျက်မြင်တို့က ဆိုသည်။
(ဓာတ်ပုံ - ဇူလိုင် ၁၉၊ ၂၀၀၉ - နော်အုန်းလှကို တွေ့ရစဉ်)
Comments