သတင်းထဲက ဂဏန်းများ
ဇူလိုင် ၁၃၊ ၂၀၀၉
၅ နှစ်
ဇူလိုင် ၁၃၊ ၂၀၀၉
၅ နှစ်
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အမှုကို မကြာမီ စီရင်ချက် ချရာတွင် ချမှတ်နိုင်သည့် အမြင့်ဆုံး ထောင်ဒဏ် သက်တမ်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထောင်တွင်း တရားရုံးတွင် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် စစ်ဆေးခံနေရသည်။
ဤအမှုတွင် စီရင်ချက်မှာ ၄ မျိုး ဖြစ်နိုင်ဖွယ် ရှိသည်။
၁။ ပြစ်မှု မထင်ရှားသဖြင့် လွှတ်စေ။
၂။ ပြစ်မှု ထင်ရှားသဖြင့် ဒဏ်ငွေ ကျပ် ၅ဝဝဝ ပေးဆောင်စေ။ မဆောင်နိုင်ပါက ထောင်ဒဏ် ၃ နှစ် ကျခံစေ။
၃။ ပြစ်မှု ထင်ရှားသဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံစေ။
၎။ ပြစ်မှု ထင်ရှားသဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေ။

Comments