Singapore SMC -Burmese Buddhsit Center Opens


စင်္ကာပူတွင် သတိပဋ္ဌာန်ရိပ်သာဖွင့်ပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဇူလိုင် ၅ က ကျင်းပ

ဂျစ်တူး (မုံရွာ) ။ ဓာတ်ပုံသတင်း

ဇူလိုင် ၉၊ ၂၀၀၉

စင်္ကာပူတွင် အက်စ်အမ်စီဟု မြန်မာတို့ အခေါ်များသည့် သတိပဋ္ဌာန်ရိပ်သာ မြန်မာဗုဒ္ဓဘာသာတရားစခမ်း ကျောင်းတိုက်သည် ယခုဇူလိုင်လတွင် စင်္ကာပူ ဆမ်ဘာဝမ်းအရပ်မှာ အခြေတကျ ကျောင်းတိုက်အဖြစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အပတ်စဉ် တရားပွဲများ၊ တရားစခန်းများနှင့် စည်ကားလေ့ရှိပြီး မြန်မာအမျိုးသားရေးကိစ္စများတွင်လည်း အားပေးကူညီလေ့ရှိသည့် ကျောင်းတကျောင်းအဖြစ် မြန်မာများက လက်ခံထားသော ထိုတရားရိပ်သာသည် ၂၀၀၄ ခုနှစ်များက စတင်ပြီး နေရာဌာနတို့ကို ငှားရမ်းဖွင့်လှစ်ခဲ့ရာမှ ယခုတွင် ထိုရိပ်သာကို အုတ်မြစ်ချနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

ကျောင်းထိုင်ဆရာတော် ဦးရာဇိန္ဒ ကဆောင်ရွက်ပြီး ထိုရိပ်သာဖွင့်ပွဲသို့ မလေးရှားက ပီနမ်ဆရာတော်ကြီး ဦးပညာဝံသ ကြွရောက် ချီးမြှင့်သည်ကို တွေ့ရသည်။

လိပ်စာမှာ - 40 Jalan Malu-Malu, Sembawang Springs Estate, Singapore 789488 ဖြစ်ပြီး၊ ဖုံးနံပါတ်မှာ - (၆၅) ၆၇၅ - ၈၉ ၄၈၈ ၊ အီးမေးမှာ sati_patthana@yahoo.com.sg ဖြစ်သည်။

Comments