အဝေးကွင်းများ
သစ်ကောင်းအိမ်
ဇူလိုင် ၂၄၊ ၂၀၀၉
ပြေးစရာမြေ မရှိတော့ရင်
လှိုဏ်ခေါင်း တူး …
ပျံလို့မရရင်
စုန်းမလို ထမီခြုံ
လင်းတ ဖြစ်တဲ့အခါ
ကိုယ်လိုရာကို ပြန်လေတော့
ဆန်မှဖြစ်မယ့်ယာဉ်ကြောပေါ်
လူဆန်ချင်တဲ့ကောင် ဆန်လိုက်
ညအဆန်ရထားကြီးနဲ့ပဲ ဖြစ်ဖြစ်
အညာဆန်သင်္ဘောကြီးနဲ့ပဲ ဖြစ်ဖြစ်
မိဘမေတ္တာဆိုတာလည်း
ငွေကြေးနဲ့ဖော်ပြမှ ရမယ့်အရာ
ကျည်ဆံဆိုတာလည်း
ပိုက်ဆံနဲ့ဝယ်မှ ရတဲ့အရာ
အချစ်ကို သက်သေပြဖို့
ဘဏ်စာရင်းအရင် ပြေးဖွင့်ဦး
ပြဲနေတဲ့အိုဇုန်းလွှာအောက်မှာ
အသဲတွေလာ ပြဲ ပြမနေနဲ့
တဟားဟား ထိုင်ငိုပစ်လိုက်မတဲ့
ကိုယ့် ဆီတ၀င်းဝင်း သဲတရှပ်တရှပ်ကလေးက …
ဒါနဲ့ စကားမစပ်
သွေးစုနာပေါက်နေလို့ ကိုယ့်ဝန်ရိုးပေါ် ကိုယ်တောင်
ဖင်တခြမ်းပဲ ခုထိုင် ထားနိုင်တဲ့ ကမ္ဘာကြီးမှာ
နြူကလီးယား ကရော
ဘယ်သူ့ မယားပါသားလဲ
သားတရား စီရင်ခန်းမှာ
ဘီလူးမ ယူနိုက်တက်အသင်းရဲ့
တိုက်စစ်မှုးဟာ မဟော်သဓာ …
ဘာမှတ်နေလဲ သေနတ်ဆိုတာ
နတ်တွေတောင် သေတတ်တဲ့အရာ
ဗိုလ်ရှုခံသဘင်မှာ
လောကပါလ နတ်မင်းအပေါင်းတို့လည်း
သတိဆွဲ စစ်ပုလိပ် လျှောက်နေရ
ဂျက်အင်ဂျင် မဟုတ်ရင်
ကောင်းကင်က ဆင်း
ပြိုင်ကားတစင်း မဟုတ်ခဲ့ရင်တော့
ကိုယ့်ကိုယ်ကို လမ်းဘေးချ ရပ်ထား
ခုလာတော့မယ့် ဘောလုံးရာသီ
ကလပ်အသင်း အရွှေ့အပြောင်းမှာ
ကိုယ့်ကိုယ်ကို ပေးရမယ့် ပြောင်းရွှေ့ကြေး
ကြေးကြီးတယ်။ ။
(၂၂. ဇူလိုင်. ၂၀၀၉)
Comments