Yoke Soe - News on the run for MoeMaKa to read - 16th July

မိုးမခ ဖတ်ဖို့ အပြေးအလွှားသတင်းများ

ရုပ်ဆိုး

ဇူလိုင် ၁၆၊ ၂၀၀၉

ဘောလုံးအသင်းပိုင်ရှင် သူဌေးကြီးများ အထူး (လယ်) ကွင်းပိုင်ကြီးများ ဖြစ်လာ - ယခုနှစ် ပထမအကြိမ် ကြေးစားဘောလုံးရာသီမှာ ပြည်သူလူထုတွေကို အထူးဆွဲဆောင်နိုင်လို့ ဘောလုံးကလပ်ပိုင်ရှင် မြန်မာလုပ်ငန်းရှင်ကြီးများကို စစ်အုပ်စုက မြှောက်စားတဲ့အနေနဲ့ သူတို့တွေ ခွဲတမ်းရထားတဲ့ လယ်မြေများမှာ တဧကလျင် မြန်မာကျပ်ငွေ ၆ သောင်းနှုန်း ထုတ်ချေးပေးနေတယ်လို့ ဆိုပါတယ်။ မူလလက်ငုတ် ကုန်သည်ကြီးများ၊ လယ်လုပ်ငန်းလုပ်ကိုင်သူများမှာ ဘောလုံးကလပ်အသင်းများ စစ်အုပ်စုအလိုကျ လိုက်ထောင်ကြရမလို ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။

သန်းရွှေ၏ အနီးဆုံးလူယုံ၊ လုပ်ငန်းရှင် တေဇ ကျောက်မျက်နှင့် သစ်လုပ်ငန်း အခွင့်ထူးများဆက် - ၎င်းရဲ့ မကြာမီက သွားခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်မှာ အခြား ကျောက်မျက်ကုန်သည်တွေကို ၎င်းလေယာဉ်နဲ့ အကုန်အကျခံပြီး တင်ဆောင်သွားခဲ့ရာမှာ သူကိုယ်တိုင်ကတော့ ၀န်ထမ်းတွေ သတိပေးထားတဲ့ကြားက ကျောက်မျက်ရတနာအချို့ကို တရားမ၀င်သယ်ဆောင်သွားတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် သစ်လုပ်ငန်းတွေမှာ အထူးအခွင့်အရေးအဖြစ် ခုတ်လှဲခွင့်၊ ရောင်းဝယ်ခွင့်တွေ ရယူပြီး တနလာင်္ရီတိုင်းက အချို့တားမြစ်သစ်ကွက်တွေကိုပါ ၀င်ရောက်ခုတ်လှဲနေတာကို တိုင်းမှူးတွေက လက်ပိုက်ကြည့်နေရတယ်လို့ ပြောပါတယ်။

Comments