ရန်ကုန်၏ ပထမဆုံး ဂျပန်ဖက်ရှင်ပြပွဲ တနင်္ဂနွေနေ့က ပြုလုပ်
ဓာတ်ပုံသတင်း
သြဂုတ် ၂၄၊ ၂ဝဝ၉
ယမန်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် ဖက်ရှင်ပြပွဲ။
မြန်မာပြည်တွင် ဖက်ရှင်ပြပွဲများ ယခင်က ပြသခဲ့သော်လည်း ဂျပန် ဖက်ရှင်ပြပွဲကို ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ ပြပွဲကို ဂျပန် ဖောင်ဒေးရှင်း ဟူသော အဖွဲ့ကြီး နှင့် ရန်ကုန်မှ ဂျပန်သံရုံးတို့က စီစဉ်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ကမ်းနားဟိုတယ်တွင် ပြုလုပ်သည့် ပြပွဲကို ပရိသတ် တထောင် ၀န်းကျင် သွားရောက်ခဲ့သည်။
ထင်ရှားသည့် ဒီဇိုင်းပညာရှင် အမျိုးသမီးတဦး ဖြစ်သူ Junko Koshino ၏ လက်ရာများကို ပြသခဲ့သည်။ ကိုယ်ဟန်ပြမယ် (မိုဒယ်ဂဲလ်) ၂၁ ဦးက သူ၏ လက်ရာများကို ၀တ်ဆင်ခဲ့ကြသည်။ ၎င်းတို့အနက် ၄ ဦးမှာ ဂျပန်အမျိုးသမီးများ ဖြစ်သည်ဟု ဆိုသည်။ (ဓာတ်ပုံများ-AP)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1kwlCXoGEh2GFC_Xz1gN-P5rh-eujXvFyr7SPmGodwXuSjx63LMPYmtQr7Cn6GJ2DBiuNBBnec7WpN6FS_IgUrHP9lv3qP-fvcA_4WOXJ0sanCKa7G64_NYukKTUGs-8HK_GDFmWDI-VX/s400/ap+in+rgn.jpg)
ဓာတ်ပုံသတင်း
သြဂုတ် ၂၄၊ ၂ဝဝ၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEGMaHJPYXnew5tK6B3LS5uGl5l908z8MlBwhDF_VXhHvC1Wk3cSmuJWIs3urPleH49AyrVh5RLEsxUS76RnppzAa_jzja5Y80Lnf_ctKimKGcY8NYbcbmmftCzWSFgZdYUfiD1EPhQ1j/s400/ap+in+rgn+2.jpg)

Comments