Burmese in SF Bay protest for Freedom of Suu and All Others


ဆန်ဖရန်ရောက်မြန်မာများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြ

နိုင်ငံရေးအကျဉ်းသားများ လုံးဝလွတ်မြောက်ရေးသာ အဓိကကျကြောင်း ထုတ်ဖော်ပြော

မိုးမခဓာတ်ပုံသတင်း

သြဂုတ် ၁၈၊ ၂၀၀၉

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ ယမန်နေ့နေ့ခင်း ၁၂ နာရီ၊ အစိုးရရုံး (ဖယ်ဒရယ်အဆောက်အဦ) ရှေ့တွင် မြန်မာအရေးလှုပ်ရှားသူများ စုဝေးကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးတို့အတွက် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည် ရက်သတ္တပတ်က အမေရိကန်ဆီနိတ်တာ ဂျွန်ဝက်ဗ်က ၎င်းနိုင်ငံသား ယက်တောကို လွတ်မြောက်အောင် စွမ်းဆောင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒပြသူ မြန်မာအရေးလှုပ်ရှားသူများက မည်သို့မျှ အကောင်းမြင်ခြင်း မရှိဟု ဆိုသည်။

၎င်းအနောက်နိုင်ငံသားကြောင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ် ၁၈ လ (ထောင်ဒဏ် ၃ နှစ်) ချမှတ်ခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံရေးတွင် တရားမျှတမှုမရှိသော တရားစီရင်မှု၏ အရှုပ်အထွေးများသာ ကျန်ရစ်သည်ဟု ရှုမြင်ကြသည်။ ထို့အတွက် ယခုအချိန်တွင် ယက်တောလွတ်မြောက်လာခြင်းအတွက် မည်သည့်အကျိုးအမြတ်မှ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လုံးဝ လွတ်မြောက်မှု မရှိမချင်း မည်သို့မျှ စစ်အုပ်စုကို လိုက်လျောစရာ လုံးဝ မရှိကြောင်း ဆန္ဒပြသူများက မိုးမခသို့ ပြောကြားသည်။

Comments