အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုနှင့် အယ်လ်အေက မြန်မာတို့ ၈ လေးလုံး ၂၁ နှစ်ပွဲများ ပြင်ဆင်
မိုးမခရွာဆော်ကြီး
သြဂုတ် ၃၊ ၂၀၀၉
မြန်မာပြည်ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုကြီး ၂၁ နှစ်ပြည့်အတွက် ပြည်ပရောက် မြန်မာတို့က အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြပြီး မပြီးဆုံးသေးသည့် မြန်မာပြည်ဒီမိုရေစီရေး လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
အမေရိကန်ပြည်၊ ကယ်လီဖိုးနီယားမှ အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုဒေသက မြန်မာမိသားစုများ၊ အသင်းအဖွဲ့များ စုဝေးကြလျက် ၈၈ အရေးတော်ပုံ ၂၁ နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားများတွင် ဒီမိုကရေစီရေး လှုပ်ရှားမှုအသီးသီးက အာဇာနည်များ၊ သူရဲကောင်းများ၊ စွန့်လွှတ်အနစ်နာခံသူများကို အလေးအနက်ပြုကြမည်ဖြစ်ပြီး ယခု ဆက်လက်တိုက်ပွဲဝင်နေသော ဒီမိုကရေစီရေးလှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အုပ်စုကို ဆန့်ကျင်ရှုံ့ချကြရေးတို့ကို အရှိန်မြှင့်လာကြသည်ဟု ထင်မြင်ပါကြောင်း မိုးမခမိတ်ဆွေတဦးက ပြောသည်။
အယ်လ်အေရှိ သြဂနိုင်ဇာအဖွဲ့က လာမည့် စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ နှစ်လည်တွင် ယခုနှစ် နာမည်ကြီးမှတ်တမ်းရုပ်ရှင်ဖြစ်သည့်
မိုးမခ၏ ရွာဆော်ကြီးပြက္ခဒိန်မှာ သူတို့အစီအစဉ်အသေးစိတ်ကို ကြည့်နိုင်ပါပြီ။
http://moemaka.com/index.php?option=com_content&task=blogsection&id=15&Itemid=134
Comments