ထက်ထက်မိုးဦး မိခင်လောင်း ဖြစ်ပြီ
မိုးမခအထောက်တော် ဝဝ၆
သြဂုတ် ၁၅၊ ၂ဝဝ၉
မိုးမခအထောက်တော် ဝဝ၆
သြဂုတ် ၁၅၊ ၂ဝဝ၉

ထက်ထက်မိုးဦးနှင့် တယုတယ ရှိနေသည့် ခင်ပွန်း ဖြစ်သူ ဇူးမြတ်ထက် (ဓာတ်ပုံများ- အလင်းတန်းဂျာနယ်)
နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက ကိုယ်ဝန် ၅ လ ရှိနေပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့ ပန်းလှိုင် အထူးကု ဆေးရုံတွင် ကိုယ်ဝန် အပ်နှံထားသည်ဟု သြဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။
“မိဘများ ရှေ့မှောက်တွင် မင်္ဂလာ ဆွမ်းကျွေးပြီးဖြစ်ကြောင်း” ဂျာနယ်တွင် ဖော်ပြထားသည်။
ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ မန္တလေးသား ဇူးမြတ်ထက်သည် ဗီဒီယို သရုပ်ဆောင် တဦး ဖြစ်သည်။ လွန်ခဲ့သည့် ၈ နှစ်က မန္တလေး ဆေးတက္ကသိုလ် ပထမနှစ် ကျောင်းသား ဘဝတွင် ထက်ထက်မိုးဦး နှင့် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဇူးမြတ်ထက်သည် နောက်ပိုင်းတွင် နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ပြီး ဘွဲ့ရသည်အထိ ပညာသင်ယူခဲ့သည်ဟု ဆိုသည်။
အကယ်ဒမီ ထက်ထက်မိုးဦးသည် အဆိုတော် အနဂ္ဂ နှင့် ၂ဝဝ၅ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားဝင် ကွာရှင်း ပြတ်စဲခဲ့ကြသည်။

Comments