မြန်မာနိုင်ငံ နှင့် နည်းပညာ ရှာပုံတော်ထွက်ခဲ့စဉ်က …
လမ်းပေါ်က အိုင်တီကိုကို
စက်တင်ဘာ ၁၊ ၂၀၀၉
အခုတလော မြန်မာနိုင်ငံကွန်ပျူတာနည်းပညာရှင်များအသင်း (MCPA,
ကွန်ပျူတာရယ်၊ မြန်မာနိုင်ငံရယ် နဲ့ ပတ်သက်နေတော့ ကြုံတုံးလေး ဒိုင်ဗင်ဝင်ထိုး လိုက်တာပါ။ သိလွန်းလှတယ်တော့ မဟုတ်ပါဘူး။ ကိုမောင်ရစ် ရေးခိုင်းတာတွေ မဖြည့်ဆည်းနိုင်တာ ကြာတာလဲ (ပျက်ကွက်နေတာ) ပါတာပေါ့။
စစ်အစိုးရ က ဘာဖြစ်လို့ မြန်မာနိုင်ငံ မှာ အင်တာနက် အသုံးပြုခွင့် ပေးရသလဲ ဆိုတော့ ၂၀၀၀ ခုနှစ်မှာ လက်မှတ်ရေးထိုးလိုက်ရ တဲ့ E-ASEAN သဘောတူညီမှု ကြောင့်ပါ။ အားတိုင်းယားတိုင်း ပြည်သူလူထုကို စေတနာ ရှိလို့ မဟုတ်ပါဘူး။
ပထမဆုံး အမြတ်ထုတ်သွားတာက သွားလေသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့သားအဖ နဲ့ လက်ရှိ စီ/မံ စီးပွားဝန်ကြီး (ထိုစဉ်အခါက ဆက်သွယ်ရေးဝန်ကြီး) ဦးစိုးသာ ပါ။
အိုမင်းဟောင်းနွမ်းပြီး ခေတ်မမီတော့ တဲ့ x.400 အီးမေးလ် စနစ်ကို ၁၉၉၈ ခုနှစ် ဝန်းကျင်မှာ နိုင်ငံတော် ဘဏ်ဏ္ဍာ ဒေါ်လာ သန်းချီ အကုန်ခံပြီး တတ်ဆင်ပါတယ်။ x.400 စနစ် က အဲဒီ အချိန်မှာ ကို နိုင်ငံတကာမှာ ခေတ်မရှိတော့ပါဘူး။ ဒါကို နည်းပညာ နားလည် တတ်ကျွမ်းတဲ့ ဝန်ကြီး ဦးစိုးသာ မသိတာ မဖြစ်နိုင်ပါဘူး။ အဲဒီ x.400 စနစ်ကြီး က ဒေါ်လာသန်းချီကုန်ပေမယ့် ၂ နှစ် မခံ လိုက်ပါဘူး။ အသုံးချလို့ မရတော့လို့ ရှစ်မိုင် က Packet Switching အိတ်ချိန်းမှာ ဖုန်တတ် နေလေရဲ့။
အဲဒီနောက် Bagan Cyber Tech ဆိုပြီး ဗိုလ်ချုပ် ခင်ညွန့်သား ဒေါက်တာ ရဲနိုင်ဝင်း ရယ် အမေရိကန်နိုင်ငံသား (မြန်မာ) အောင်အေးထွဋ် ရယ် ပူးပေါင်းတည်ထောင်ပြီး အများပြည်သူကို ဝန်ဆောင်မှု ပေးပါတယ်။ အမေရိကန်နိုင်ငံက နောက်ဆုံးပေါ် အင်တာနက် သတင်း စီးဆင်းမှု ပိတ်ဆို့မှု နည်းပညာတွေ နဲ့ ရင်းနှီးမတည်ငွေတွေ ကို ကိုအောင်အေးထွဋ် က မြန်မာနိုင်ငံ ကို တင်ပို့ပေးခဲ့တာပါ။ အဲဒီပိတ်ဆို့မှု တွေ ကို ကျော်လွှားတဲ့ နည်းပညာတွေ ကိုလဲ အမေရိကန် ပညာရှင်တွေ ကပဲ မြန်မာနိုင်ငံကို သယ်ဆောင်လာပြီး Bagan Cyber Tech နဲ့ မြန်မာ့ဆက်သွယ်ရေး (MPT ) က မြန်မာ ပညာရှင်တွေဆီကတဆင့် အများ ကို ဖြန့်ဖြူးပေးခဲ့တာပါ။
အဲဒီတော့ အကျဉ်းချူံးလိုက်ရင် ပိတ်တဲ့ နည်းပညာကိုလဲ အမေရိကန်နိုင်ငံက ဝယ်ပြီး ကျော်လွှားတဲ့ နည်းပညာလဲ အမေရိကန်နိုင်ငံကပဲ ရခဲ့ကြတာပါ။
ကွန်ပျူတာနဲ့ မပတ်သတ်တဲ့ နည်းပညာ အကြောင်းပြောကြရအောင်။ ၁၉၉၅-၆ လောက်က ထင်ပါရဲ့။ ရန်ကုန်မှာနေပြီး ကားမောင်းဖူးသူတိုင်း သိတဲ့ ကိစ္စတခုပါ။ ယာဉ်ထိန်းရဲတွေကို အရှိန်နှုန်းထိန်း ကိရိယာတွေ တပ်ဆင်ပြီး မော်တော်ယာဉ်တွေ အရှိန်ထိန်း ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ယာဉ်ထိန်းရဲတွေ အောက်ဆိုဒ် ပိုကောင်းတာနဲ့ ဗိုလ်ချူပ်သား၊သမီး တွေ အဖမ်းခံ ရတာပဲ ထူးလို့ ကိရိယာတွေ ပြန်သိမ်းလိုက်ရပါ သတဲ့။
တရုတ်ကြီး တယောက် က ပြောဖူးတယ် ။
"ပါးစပ် ပါရင် အဆင်ပြေတယ် …” တဲ့။
လွန်ခဲ့တဲ့ ၅ နှစ်လောက် က စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချူပ်တယောက် နဲ့ စကားပြော ကြရာမှာ သူက
"နည်းပညာကို လူတွေက တီထွင်တာ၊ လူတွေကပဲ ပြန်ဖျက်ဆီးနိုင်တယ်။ သစ္စာရှိတဲ့ လူတွေ ခန့်မထားနိုင်ရင် ဒါမှမဟုတ် လူတွေကို သစ္စာရှိအောင် မမွေးနိုင်ရင် နည်းပညာတွေက အလကားပဲ …" တဲ့။
အဲဒီလို အမြင်မှန်ရှိတဲ့ လူကျတော့ လဲ ကြာကြာ မခံပါဘူး။ ပြုတ်သွားတာပဲ။
အဲဒီတော့ Search Engine ပြိုင်ပွဲက ထွက်လာတဲ့ ရလာဒ် လဲ
"ပါးစပ် ပါရင် အဆင်ပြေသွားမှာပါ" လို့။ ။
(Cartoon – Internet)
Comments