Min Maw Kwun apologizes for the controversial photo

“သံဃာတော်တွေကို တောင်းပန်ပါတယ်”
ဓာတ်ပုံသတင်း
သြဂုတ် ၅၊ ၂၀၀၉
မင်းမော်ကွန်း (ဓာတ်ပုံ - အလင်္ကာ ဂီတဂျာနယ်)

သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းက အင်တာနက်တွင် ပျံ့နေသည့် သူနှင့် သူငယ်ချင်းများ၏ ဓာတ်ပုံမှာ ဘုန်းကြီးကျောင်းတခုတွင် သန့်ရှင်းရေး လုပ်စဉ်က အမှတ်တရ ရိုက်ကူးထားသော ပုံဖြစ်ကြောင်း ယမန်နေ့က အသံလွှင့်ဌာန တခုသို့ ပြောဆိုပြီး ထိုလုပ်ရပ်အတွက် ရဟန်းသံဃာများကို တောင်းပန်လိုက်သည်။

“သာသနာ ဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာ ဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ ရင်ထဲမှာ အမြဲတမ်း ယုံကြည် ကိုးကွယ် ဆည်းကပ်ရမဲ့အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူး (ဆေးမင်ကြောင်) ထိုးတယ် ဘာညာ ဆိုတာက ဒါက လူငယ်သဘာဝပါ၊ သားလည်း ရှင်ပြု ကျနော် ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းကပါ။ အဲဒီတော့ သူတို့ ပြောတယ် ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲ ရှိပါတယ် ခင်ဗျာ့။ တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်ဗျာ့။ ကျနော်တို့ တကယ် လူငယ် သဘာဝ အမှတ်တရလေး လုပ်မိတဲ့ သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီ သံဃာတော်တွေကို တောင်းပန်ပါတယ်” ဟု မင်းမော်ကွန်းက လွတ်လပ်သည့်အာရှအသံ (Radio Free Asia) သို့ ပြောကြားလိုက်သည်။

အင်တာနက်တွင် ပျံ့နှံ့နေသည့် အငြင်းပွားဖွယ်ရာ ဓာတ်ပုံ

Comments

Unknown said…
ရဟန်းခံတယ် ဆိုတာ ဗုဒ္ဓသာသာနာတော်ကို ပြန့်ပွားအောင် ပြုလုပ်နေတယ်ဆိုတာတော့ နားလည်မိတယ်... နားမလည်နိုင်တာက.. သင်္ကန်းကို လွှားပြီး...အရီးကြီးတွေလို သရုပ်ပြနေတာကတော့... သာသနာတော်ကို ညစ်နွမ်းအောင် ပြုလုပ်နေသလိုပဲ....ဆုတ်ယုတ်လာနေတဲ့ သာသနာမှာ သူ့လို လူတွေကြောင့် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ဆုတ်ယုတ်လာနေပါပြီ....ဘယ်အရာမှ မတည်မြဲဘူးဆိုပေမဲ့...လျှင်မြန်စွာနဲ့...မပျက်စီးအောင်တော့ ကြိုးစားဆောင်ရွက်သွားသင့်နေပါပြီ...အထူးသဖြင့်..... သူ့တို့လို နာမည်ကြီးပြီး....လူတွေ လေးစားနေတဲ့...သူတစ်ယောက်အနေနဲ့ပေါ့... ဦးကျော်သူလို တနေ့ဖြစ်လာပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်...
ကိုမင်း မော်ကွန်း ဒီ ဓာတ် ပုံ ကို ဘယ်တုန်းက ပဲ ရိုက် ရိုက် ဘာကြောင့် ခုမှ Net ပေါ် ရောက်လာရသလဲ? စဉ်းစားစရာပါ၊ ဘယ်လိုဖြေရှင်းမလဲ? Australia ကိုမလာခင်အဖြေကို စဉ်းစားထားစေချင်တယ်။
sankooo said…
This comment has been removed by the author.
MELODYMAUNG said…
အမှားမကင်းတာ လူ့သဘာဝပါ
နာမည်ကျော်လဲ မှားတတ်တာပါ
အနုပညာသမားလဲ မှားတတ်တာပါ
ကြောင်းကျိုးဆီလျော်စွာ တောင်းပန်ချက်ဖတ်ရသိရတော့လဲ နားလည်ပေးလို့ရပါတယ်
ဒီအမှားအတွက် ထပ်ပြီး စောဒကတက် လက်ညှိုးထိုးလို့လဲ အမှားက ပြန်မှန်မလာတော့ပါဘူး
မှားပီးသားအမှားမျိုးထပ်မမှားပဲ ကိုယ်လိုအမှားမျိုး နောက်လူငယ်တွေ လိုက်မမှားအောင် သင်ခန်းစာပြန်ပေးနိုင်ရင်တော့ အမှားထဲက အမြတ်ထွက်လို့ရှိရင် ဝမ်းသာစရာပါ။ တခါတလေ ဖြစ်ပြီးသား အတိတ်က အဟောင်းတစ်ခုက ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လဲ ဖြစ်တတ်တာပဲလေ... အားလုံး ကျေနပ် ချမ်းမြေ့ပါစေ..