မရိုးတဲ့ သစ်သီး
မိုးစဲနေ
သြဂုတ် ၈၊ ၂၀၀၉
တခါတရံ
တခါတရံမှာ
ခရီးက မမောပဲ
ငါက မောခဲ့တယ်။
တခါတရံမှာ
ခရီးက ခရီးလို ထွက်ခွါသွားခဲ့ပြီး
ငါက ငါလိုပဲ ကျန်ခဲ့တယ်။
တခါတရံမှာ
လွတ်မြောက်မှုတွေ ကိုယ်တိုင်က
မလွတ်မြောက် မှတော့
နေစရာ ဘ၀ထဲ
ကိုယ့်ဘာသာပဲ အကျဉ်းချခဲ့တယ်။
တခါတရံမှာ
တတိယတန်းစားတွေ က
တတိယတန်းစားလိုပဲ လွမ်းခဲ့တာ
အပြစ်မှ မဟုတ်တာ။
အနှစ်နှစ်ဆယ်မှာ
အဖေက အဖိုးဖြစ်ဖို့
အချိန် လုံလောက်ခဲ့။
ကိုယ်တိုင် လှီးဖြတ်ခဲ့ကြပြီးမှ
သားချော့တေးတွေလည်း မသီချင်တော့။
“အသားနက်မ အောင်လံကြီး တလူလူ ထူလို့”
ငါတို့ကတော့ …
လုပ်ရိုးလုပ်စဉ် တွေပဲ
လုပ်ခဲ့ကြပြီ။ ။
Comments