My Academy Sein - How we watch Korean Movie in Burma


ဒါဖတ်ပြီမှ မြန်မာပြည်က ကိုရီးယားရုပ်ရှင်များ ကြည့်ပါ

မိုင်အကယ်ဒမီစိန်

သြဂုတ် ၄၊ ၂၀၀၉

မြန်မာပြည်ရုပ်မြင်သံကြားမှာ ကိုရီးယားကားတွေ နေရာယူလာတာ နှစ်နဲ့ချီခဲ့ပြီ ဖြစ်ပါသည်။ ကိုယ်ကိုယ်တိုင်လည်း စွဲလမ်းတကြီး ကြည့်ခဲ့တာဆိုတော့ အခုပြောရမည်မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေသည်။သို့ပေမယ့် ကိစ္စမရှိပါ။ အမှန်တရားကိုတော့ ပြောရမည်။

MRTV မှာ ကိုရီးယားကားတွေကို အပတ်စဉ်ပြလာသည်မှာ မြန်မာကားများ၊ မြန်မာဗီဒီယိုများက နေရာ ဖယ်ပေး လိုက်ရသည်။ MRTV တင်မကပါ မြ၀တီ MWDနှင့် MRTV4 မှာ ၎င်း၊ ထို့ပြင် ပိုက်ဆံပေး ကြည့်ကြရသော 5 movies ဆိုသည်မှာရော၊ ကိုရီးယားကားပါမှ လူကြည့်နေသည်။ MRTV တွင် အပတ်စဉ် ၃ ကား၊ MWDတွင် အပတ်စဉ် ၄ ကား၊ MRTV4 မှာ အပတ်စဉ် ၁ ကား၊ 5 Movies မှာ တော့ ဘယ်နှစ်ကား ပြနေလည်း မသိ။ ထိုကိုရီးယားကားတွေ ကောင်းကောင်း မကောင်းကောင်း အားပေးကြသည်မှာ ကြာခဲ့ပြီ။ ထိုသို့ ကြာလာသည်နှင့်အမျှ ရိုးအီသွားခြင်းမရှိဘဲ အပြင်ဆိုင်များကပင် ကိုရီးယားကားသစ် ကားဟောင်းများကလည်း တော်တော် အ၀ယ်လိုက်ကြသည်။ မြန်မာ့တီဗီဆိုပြီး ကိုရီးယားကားများနှင့် နှစ်ပါးသွားနေရသည်မှာ မြန်မာကားများ ရှက်စရာ ဖြစ်နေသည်။ သို့သော် မတတ်နိုင်ပါ။ ပရိသတ်၏ဆန္ဒကို ဘာမှ မလွန်ဆန်နိုင်ပါ။ ဒီလိုနှင့်ကြည့်လာရင်းနှင့် ကိုရီးယားကားများ၏ သဘာဝများ၊ ဇာတ်အိမ်တည်ဆောက်ပုံများကို တီးမိ ခေါက်မိလာရသည်။

ညအချိန်မတော် အပြင်ထွက်၊ မင်းသားနှင့် မင်းသမီး အချိန်မတော်လည်း ထွက်တွေ့၊ မင်းသားသည် ဘယ်လောက်ကြီးပဲ ဆင်းရဲသည်ဖြစ်စေ၊ သူဌေးသမီး၏ သေလုအောင် ကြိုက်ခြင်းကို ခံရ၊ ထိုမင်းသားကလည်း ထိုသူဌေးသမီးကို မကြိုက်ဘဲ ဆင်းရဲလှသည်ဆိုသော မိမရှိ ဘမရှိ၊ သူများအိမ် ကပ်နေရသော မင်းသမီးကိုမှ ကြိုက်လိုက်ပုံများ၊ ထိုအဆိုပါ သူဌေးသမီးခင်ဗျာ ဘွဲ့တွေ ဘယ်လောက်ပဲရရ၊ မိဘက ချမ်းသာ ချမ်းသာ၊ အဆင့်အတန်း ဘယ်လောက်ရှိရှိ ထိုဆင်းရဲသော မင်းသမီးကို သောက်သောက်လဲရှုံးလိုက်ပုံကို အားပါးတရ ရိုက်ပြတတ်ခြင်း၊ သူတို့ မိဘအသိုင်းအ၀ိုင်းမှာ သားယောကျာင်္လေးကို သမီးထက်ပို အလေးပေးသည်ဟုသာ ကြားဖူးသော်လည်း ထိုကိုရီးယားကားကြမှ သမီးတွေကို မင်းသမီးလေးဟု တဖွဖွခေါ်ကာ သားဖြစ်သူကို ချောင်ထိုး အပြစ်တင်၊ ဂရုမစိုက်နေ နှိမ်ချပုံများသည် တဖက်စွန်းရောက်လွန်းသည်ဟု ထင်မိသည်။

မိဘမဲ့ဂေဟာသို့ ရောက်လာကာ အရွယ်ရောက်လာကြသော မင်းသား မင်းသမီးတို့မှာ တခြားသော မိရှိ ဘရှိ၊ အဆင့်အတန်းရှိ၊ သူဌေးသား သူဌေးသားသမီးတို့ကြား မျက်နှာပွင့်လျက် အစစအရာရာ အောင်မြင်နေပုံများကို ပြသည်မှာလည်း တော်တော်လွန် နေပါသည်။

သူဌေးသား သူဌေးသမီးများမှာ ကိုယ်ချစ်ရသောသူတွေနှင့်လည်း ဆင်းရဲသားသမီးများ၏ လုယူခြင်းကို ခံရရုံမက ၎င်းတို့မှာ မကောင်းမှုဟူသမျှကိုလည်း ကျူးလွန်ကြပုံ၊ ပရိသတ် အမြင်မှာ အမုန်းခံနေကြရပြီး အော် … သူတို့နိုင်ငံမှာ လူချမ်းသာ သားသမီးတွေ တော်တော်ဆိုးတာပဲ။ အောက်တန်းကျ လိုက်တာ၊ မိဘမဲ့ဂေဟာက သူတွေများ ကောင်းလိုက်ကြတာ၊တော်လိုက်ကြတာ.. ဟူသောအမြင်များ ဖြစ်လာရပါသည်။

ထို့ပြင် သူဌေးသမီးကို မယူဘဲ ဆင်းရဲသူ မင်းသမီးကိုယူပြီး ဆင်းဆင်းရဲရဲ နေပြ၊ အချစ်သာ အရေးကြီးပါတယ်ဟု ရိုက်ပြ၊ ဆင်းရဲသူမင်းသမီးကလည်း သူ့ကို သေလုအောင်ကြိုက်နေသော သူဌေးသားကိုမယူဘဲ ဆင်းရဲသားကိုယူ ဆင်းရဲတွင်းထဲခုန်ချ ၊ မင်းသား မင်းသမီးတွေကတော့ ကြိုက်မယ့်သူတွေ တပုံကြီးရှိပြီး သူဌေးသား သူဌေးသမီးသို့ မဟုတ် သူတို့ကို ကြိုက်လှပါချေရဲ့ဟု ပြောနေသော နဘေးက သူတွေမှာတော့ ကြိုက်မယ့်သူ တယောက်မှ မရှိပုံ၊ ထိုသို့သော ရိုက်ချက်များကိုလည်း ကိုရီးယားမင်းသား မင်းသမီး အချောအလှများက မရိုးအီနိုင်စွာ သရုပ်ဆောင်နေကြသည်ကို မြန်မာပရိသတ်များကလည်း မင်းသား မင်းသမီးလေးတွေကို ကြည့်ပြီး အချိန်ကုန်နေကြသည်။

သူဌေးသမီးသည် မိဘသဘောမတူသော ဆင်းရဲသားမင်းသားနောက်သို့ မိဘများကို စုံကန်၍ လိုက်ကာ ဆင်းဆင်းရဲရဲ နေရသည်ကိုပင် သဘောတွေ့၊ မကြုံဖူးသောသုခကို ခံစားရခြင်းဟု အပျော်လွန်ပုံတွေကိုပြ၊ ကြည့်ရင်း ကြည့်ရင်း ဆင်းရဲတာ ကောင်းလှချေလား၊ ဆင်းရဲချင်လိုက်တာဟု အားကျရမလိုလိုတွေဖြစ်ကုန်ခြင်း။ မိဘများ အသည်းတွေကွဲပြီး ကျန်ရစ်ခဲ့ရသည်ကို အားမနာပါးမနာပင် ဆင်းရဲသားမင်းသားက ပက်ပက်စက်စက်ပြောပြီး၊ သူတို့သမီးကို ခေါ်သွားပြီး ဇာတ်သိမ်းပြတတ်ပုံများမှာလည်း တော်တော်ရိုင်းစိုင်းသော ပြကွက်များဖြစ်သည်။

ထို့ပြင် မနူးမနပ်အရွယ်ကလေးတွေ စာကို စိတ်မ၀င်စားဘဲ အပြင်ထွက် အလေလိုက်၊ မင်းသားတွေနှင့် တွေ့ ကြိုက်ကြ၊ ချိန်းတွေ့ကြ၊ ထိုမင်းသား၏ သဘောတူထားသူ သူဌေးသမီးက နောက်ကောက်ကျ။ အရှက်ကွဲပုံ၊ ထိုဆယ်ကျော်သက်ရွယ် ကလေးတွေ မကောင်းတာတွေကို လမ်းမှားလိုက်ပုံကို အကောင်းဘက်ကကြီးပဲ ရိုက်ပြပြီး နောက်ဆုံး အားလုံးကို အနိုင်ယူ ကျော်တက်ပုံတွေ၊ နောက်ဆုံး မှားမိပါသည်၊ ခွင့်လွှတ်ပါ ဟူသော သင်ခန်းစာမျိုး ပေးသည်မှာလည်း အကုန်လုံး လိုက်လျောပြီး လုပ်ချင်တာ အကုန်လုပ်ပြီးမှ ရယ်စရာလို ရိုက်ပြသည်မှာလည်း တော်တော် အားကျစရာ ဖြစ်ရသည်။

တခါတရံ ဇာတ်အိမ် ခိုင်ခိုင်မာမာနှင့် စထားပြီး နောက်ပိုင်းတွင် နောက်ဘာဖြစ်မည်ကို ခန့်မှန်းနိုင်သော ဇာတ်အိမ်မျိုး ဖြစ်လာပုံတွေ၊ ဒီတခါတော့ မဆိုးဘူးဟ ဟု ကြည့်နေရင်းကပင် ဇာတ်လမ်းက တဖြေးဖြေးယိုယွင်းလာကာ ဇာတ်ကိုအတင်း သိမ်းပစ်လိုက်တာတွေကလည်း နားလည်ရခက်လှသည်။

တခါတလေ မြန်မာ့အသံက ဟိုကျော် ဒီခွ၊ အဖြတ် အတောက်များကလည်း ရှိနေပြန်ရာ ဟော … ဒါ ပါးရိုက်လိုက်တာ ဖြစ်ရမယ်။ ဒါ ဆွဲထိုးလိုက်တာ ဖြစ်ရမယ်။ ဒါကတော့ အကြင်နာပေးလိုက်တာပဲ။ ဒီအခန်းကတော့ ကြည့်ရတာ မိဘကို မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောလိုက်ပုံရတယ်။ ဟာ … ဒီအခန်းက အစိုးရကို ထိခိုက်တဲ့ စကားတွေ ပါ ပုံရတယ် …. ဟု မကြည့်ရ ကျော်ပစ်လိုက်သော အခန်းများကို ခန့်မှန်းရသော အခန်းများကလည်း ရှိနေသေးသည်။

ငါးစိမ်းသည် သားသမီးများ၊ ထမင်းဟင်း အရာင်းဆိုင်ဖွင့်သော သားသမီးများ၊ ဘွဲ့မရ ကျောင်း တ၀က်တပျက်၊ အပြင်မှာ ရရာ အလုပ်လုပ်ပြ၊ ကူလီထမ်း ဈေးရောင်း လုပ်ပြသူများမှာ မျက်နှာပွင့်လန်းလျက်ရှိကာ ဘွဲ့ရပညာတတ် သူဌေးသား၊ သမီးများမှာ မျက်နှာမရ စုတ်ပြတ်သတ်သွားအောင် ရိုက်ပြတတ်သည်မှာလည်း မမျှတဟု မြင်မိသည်။ အမှန်တကယ်တော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ ဒီလောက်ကြီးလည်း နှိမ်စရာ မလို၊ မြှောက်ပင့်စရာ မလို၊ အားလုံး တန်းတူ အခွင့်အရေး ရှိရမည်။ သူဌေးဖြစ်ပြီး စိတ်ကောင်းမရှိလျှင် ဘယ်သူမှ မကြိုက်။ ဆင်းရဲပြီး အကျင့်စာရိတ္တမကောင်းလျှင်လည်း လက်မခံနိုင် ဖြစ်ရမည်။ တခါလာလည်း ဒီလိုချည်း ပြပြနေသည်မှာ ကြာတော့ စိတ်ညစ်မိသည်။

သူဌေးသမီး ပြလိုက်သည်နှင့် ဘယ်တော့ အရှက်ကွဲမလဲ ဆိုတာ ကြိုသိနေသည်။ ဆင်းရဲသားမင်းသား ပြလိုက်သည်နှင့် သူ့တော့ ဟိုသူဌေးသမီးက သေလုအောင် ကြိုက်ပြတော့မည်ဟု အတတ်သိနေသည်။ ဈေးရောင်းနေသည့် မင်းသမီးပြလိုက်သည်နှင့် မင်းသားက သူ့ပဲ ကြိုက်မှာပဲဟု သိနေပြန်သည်။ သူဌေးသားလည်း ပြရော အင်း … သူကတော့ ဟိုဆင်းရဲသူမကို ကြိုက်တော့မည်ဟု ကြိုသိရပြန်သည်။ နောက်ဆုံး သူဌေးသားသမီး နှစ်ဦး ငေါင်းစဉ်း ကျန်ရစ်တော့ ပေမည်ဟု သိသိကြီးနှင့်ပင် ညစဉ် ညတိုင်း မပျက်မကွက် ကြည့်ကာ မီးပျက်လျှင်တောင်မှ မီးစက်ဖွင့်၊ အင်ဗာတာဖွင့်နှင့် မကြည့်ရလျှင် ညအိပ်မပျော်မှာကို စိုးရိမ်ပြီး နှလုံးရောဂါ ရမတတ် ကိုရီးယားကားများကို အားပေးနေကြရသည်။

ထို့ပြင် ယုတ်မာမှု ကောက်ကျစ်မှုများကို အတုံးလိုက် အတစ်လိုက် ပြတတ်ခြင်းများသည် ဒါမျိုး အပြင်မှာ ရှိချင်လည်း ရှိမည် ဖြစ်သော်လည်း မြန်မာပြည်သားတို့မှာ ဒါတွေကို ကြည့်ရ မြင်ရသည်မှာ သင်ခန်းစာလည်း မရဘဲ စိတ်ဓါတ် ကျစရာများသာ ဖြစ်ရသောကြောင့် ဒါမျိုးတွေ တမင်သက်သက်များ ပြနေသလားဟုပင် ထင်မြင်နေမိပါတော့သည်။ အဓိက မင်းသား မင်းသမီးများသည် ကျောင်းလဲ ပြေးပြသည်၊ ဆရာမများကိုလည်း မရိုမသေ ဆက်ဆံပြသည်။ မိဘကိုလည်း လိမ်ညာကာ ညအချိန်မတော် ခိုးထွက်ပြသည်။ စာမေးပွဲလည်းကျ ပြသည်။ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာကို စောင့်ထိန်းခြင်းမရှိဘဲ နဘေးကလူများကို အရူးလုပ်ပြသည်။ အိမ်ထောင်ရှိလျက်နှင့်လည်း ဖောက်ပြန်ပြသည်။ နောက်ဆုံး သူတို့ နှစ်ဦး လက်ချင်းတွဲလျက် နောက်ကလူတွေ ဘာဖြစ်ပြီး ကျန်ရစ် ကျန်ရစ် ထွက်ပြေးကာ ဇာတ်ကို သိမ်းပြသည်။

နောက် ဆိုးဝါးတာ တခုကတော့ ကိုရီးယားအဓိက မင်းသမီးက ဆရာဝန်ပေါက်စန ဖြစ်နေ၊ ပြီးတော့ ဆေးမကုတတ် ကုတတ်နဲ့ လူနာကို လျှောက်လုပ်ပြ၊ လူနာဟာ အသက်ဆုံးရူံးတဲ့အထိ ပေါက်ကတရတွေဖြစ်ပြ၊ ရယ်ရမလို ငိုရမလို၊ အားကျရ မလိုလို။ ဒီက မတတ် တတတ် ဆရာဝန်ပေါက်စနတွေက ကြည့်ပြီး အားကျကုန်ကြမှာကိုတောင် စိုးရိမ်စရာ ဖြစ်နေသည်။

နောက်ဆုံး ခက်ပုံကတော့ ကိုယ် ကြိုက်လှပါသည်ဆိုသောမင်းသား မင်းသမီး တွေကို ကိုယ်လက်မခံနိုင်သော ယဉ်ကျေးမှုမညီမျှသည့် အဓိက သရုပ်ဆောင်တွေအဖြစ် မြင်နေရခြင်း ဖြစ်ပါသည်။ ဒီတော့ သူ ဘာလုပ်ပြပြ လက်ခံနေရသည်။ သူဆုံးဖြတ်တာ ဟူသမျှ မှန်နေရသည်။ ဒီလို မလုပ်သင့်မှန်း သိရက်နှင့် သူက ကိုယ် နှစ်သက်သော မင်းသမီး မင်းသားဖြစ်နေတော့ ခွင့်လွှတ်နေရသည်။ အကျင့်စာရိတ္တအနေနှင့် လက်မခံနိုင်သော အပြုအမူတွေ လုပ်ပြနေသောလည်း ကိုယ်ကြိုက်သော မင်းသမီး မင်းသားဖြစ်နေ၍ ဒီအတိုင်း ကြည့်နေရသည်။

ဒါကြောင့် ကိုရီးယားကားတွေကြည့်ပြီး သေချာ လေ့လာကာ မယူသင့်သော ယဉ်ကျေးမူများ၊ အလေ့အထများ အတွေးအခေါ် အမူအကျင့်များကို အားမကျမှ ဖြစ်တော့မည်။ ကိုယ် နှစ်သက်သော မင်းသမီးဖြစ်သော်လည်း၊ ကိုယ်နှစ်သက်သော မင်းသား ဖြစ်နေသော်လည်း ယဉ်ကျေးမူနှင့် မညီသော အပြော အဆို အမူအယာများကို သေချာ ဆင်ခြင်ကာ ကြည့်သင့်လှပေသည်ဟု တွေးမိရင်း ဒီစာကို အမုန်းခံပြီး ရေးလိုက်ရပါသည်။

ဆရာစိန်ခင်မောင်ရီ မကွယ်လွန်မီက သူ၏ နံမည်ကြီး ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများ၏ ခေါင်းစဉ်က “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ” ဟူ၍ဖြစ်သည်။ ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့ဆောင်းပါး ဖတ်ဖတ် မဖတ်ဖတ် ရုပ်ရှင် ကြည့်ကြတာပါပဲ။ ဆရာသာ ကိုရီးယားကား ကြည့်မိလျင် ဘာပြောမည်မသိ။ အခုဒီဆောင်းပါးဖတ်ပြီးလျင်လည်း ကိုရီးယားကား ဆက်ကြည့်ကြဦးမှာ ဖြစ်သည်။ ကဲ … ကိုရီးယားကား မကြည့်ဘဲ ဘာသွားကြည့်ကြမှာလဲ … (မီးလဲ လာခဲ့ရင်ပေါ့လေ …)။

Comments

Kane said…
This comment has been removed by the author.
Kane said…
In these days, Everything is changing and developing faster than ever. Korean and other foreign movies have been aired by MRTV because those were cheapest recreation as a relief for the poor n outdated people of Myanmar as well as cheap tool which Junta can afford as it wants the people to forget about the hardships they do suffer when they got home every night so that people . Politically it hits the target.
Myanmar people are far behind the race of globalization and they used to watch the movies because they forgot about what they suffered. Besides Myanmar GDP per capita just US$1200 as nation's economy had collapsed since after 1962 and its culture hadn't developed since too. Myanmar people have to learn that cultures are developing and can't be anchored anywhere. In other words, Myanmar culture is so much outdated in harmony with its failed economy and its culture can only be in proper order when the real democracy is introduced. When Democracy is functioning well, the culture will be in proper order and taking a good shape. Korean or whatever foreign movies can't tarnish Myanmar culture as it had already been scrapped too bad to be affected anymore. Culture and Society are linked in harmony. When Myanmar Society is dis-modernized in critical sectors as Education, Economy, Health care standard and Politics, so is it's culture. That downfall leads to today's outcome of mass migrant blue workers working for odd jobs in other nations which once envied Burma in British colonial era. Myanmar culture must be overhauled and updated as before and after British era, Myanmar had been impoverished and never become a prosperous nation. Politics, Economy, Education and Health care must be improved and upgraded then culture will be in harmony with the improvements. Myanmar had been destroyed by Myanmar people who were growing under this culture and it should be overhauled and upgraded obviously.
A nation like China, which has deep culture since more than 5000 years ago still notorious, corrupt and third world nation whose young female citizens go abroad to prostitute. So is India, a nation existed since more than 3000 years ago. But a nation founded in 1776 became Super Power and the most prosperous nation as its morale, morality and ethics have resulted that success. Obviously culture has played a different role there and Myanmar should learn that of United States or Israel. Israel had been founded in 1948. Same year Myanmar had gained the premature independence which had let to endless poverty of a nation once considered as the one of the most prosperous nation of Asia. Myanmar people destroyed their nation and the culture is also a part of this destruction as society and culture are linked in harmony. But talking nonsense like saying to sustain Myanmar culture is certainly not effective as no one is interested and obviously that's waste of time and money. Myanmar culture would be on right trend only when democracy is practiced well. Without Democracy, any vow about maintaining culture would be gone with wind.. Culture is just a secondary factor and it plays merely a passive role.
Unknown said…
စာရေးသူတစ်ယောက်အနေနဲ့
ထင်မြင်ချက်စာသားတွေနဲ့ပဲ တင်ပြတဲ့အခါ စာဖတ်တဲ့သူဟာ
ဆက်ပြီး ဖတ်ခြင်းမှာလည်း မဟုတ်ပါဘူး
ဒီ ကိုရီးယားကားတွေကြည့်လို့ မြန်မာပြည်က လူတွေ အတုခိုး အလုပ်ပျက် လိုက်လုပ်နေဖို့ အချိန်က ဘယ်လောက်ရှိမှာလဲ
နားတဲ့အချိန်လေးတွေသာ ကြည့်ကြတာပါ။
ကိုရီးယားကားကြိုက်တယ်ဆိုပြီး ထမင်းစားဟင်းမစားပဲ မနေကြပါဘူး ပိုက်ဆံမရှာပဲနဲ့လဲ မြန်မာပြည်မှာ အသက်မရှင်နိုင်ပါဘူး
စာဖတ်သူကိုတင်ပြသင့်တာကတော့ဘယ်ဟာကဘယ်လို ဘက်နှစ်ဖက်ကို မျှပြီး ရေးသင့်တာပါ
ဆုံးဖြတ်ချက်ကို စာဖတ်သူမြင်လာအောင် ရေးပြတဲ့နည်းတွေကို သင်ယူလိုက်ပါဦး
ကိုယ့်ကိုကိုယ့်ဘယ်လောက်တတ်တယ်လို့ထင်လို့
သွားလေသူဆရာကြီး ဆရာစိန်ခင်မောင်ရီ ကို ပါ ကိုယ့် အိုပီနီယမ်ကို ခိုင်မာအောာင် ဘာကြောင့်ဆွဲထည့်ရတာလဲ
ဆရာရေးတဲ့ စာသားအကြောင်းလည်းမပါပဲ နာမည်သာပါပြီး ဆရာသာကြည့်မိလျင် ဘယ်လိုပြောမည်မသိဆိုသည့် စာမှာ
မရေးသင့်ပါ။ တကယ်လို့ ဆရာရဲ့ဆောင်းပါးနဲ့ ကိုက်ညီတယ်ဆိုလည်း ကိုက်ညီတဲ့ စာသားကိုဖော်ပြမှသာ ဘက်မျှမှာပါ။
အကြံပေးပါရစေ သတင်းကို အဲလို တစ်ဖက်သက်မရေးပါနဲ့ ကိုရီးယားတွေအတိုင်းလိုက်လုပ်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါ
အဲဒါ နိုင်ငံရေးလှည့်ကွက်ပါ မြန်မာပြည်က လူတွေကို တခြား အရာတွေ ခေါင်းထဲမထည့် နိုင်အောင် အကွက်ကျကျ စီစဉ်ထားတာပါ လူတွေကလည်း အဲဒီနောက်မှာ နစ်မျောနေကြပါတယ် ပြင်သင့်ပါပြီ
burmaprincess said…
မိုင်အကယ်ဒမီစိန်ရဲ့စာဖတ်ပြီးကတည်းကကိုရီးယားတွေ
ကြည့်ရတာအရသာကိုမရှိတော့ပါ။တော်ပါပေသည်။
This is one comment received by email. we pasted here for the commenter's behalf -

"စိန်ခင်မောင်ရီဒါဖတ်ပြီးမှရုပ်ရှင်ကြည့်ရင်ရုပ်ရှင်အရသာမရှိ
တော့သလိုပဲ ကိုရီးယားကားတွေအော့ာင်းေ၇ေ၇လည်လည်
ရေးနိုင်သူဖြစ်ပါသည်။"
Unknown said…
ရေးတဲ့ကောင်ကစောက်ရူးပဲ ... စောက်ခွက်ဖြတ်ရိုက်ပစ်ဖို့ ပဲကောင်းတယ်။ ဒီမယ် နင့်အမေလင်မြန်မာဒါရိုက်တာတွေက ကိုရီးယားကားတွေ
လိုအဆင့်ရှိအောင် ရိုက်ပြတတ်လို့ လား (ဆိုလိုသည်မှာမြန်မာကားများသည် အဆင့်မီဖို့ နေနေသာသာ အဆင့်မရှိဖြစ်နေ၏)
ပြီးတော့ နင့်အထင်အမြင်တွေကိုက တစ်ဖက်စောင်းနင်း
ဖြစ်နေတာ ... မင်းသားမင်းသမီးများ ဆင်းရဲလျှင်မအောင်မြင်ရ ... အဲလို စောက်ရူးတွေမှတွေးတာဟ ... ချမ်းသာပြီးစောက်သုံးမကျတဲ့ ဟာတွေတစ်ပုံကြီး။
ဆင်းရဲတဲ့သူတွေထဲကမှ ရုန်းကန်ပြီးအောင်မြင်မှုကို
ကြိုးစားရှာဖွေကြတာကို သူတို့ ကရိုက်ပြချင်တာ။
ပြီးတော့ ရုပ်ချောပညာတတ် သူဋ္ဌေးသမီးကကြိုက်တာကို လက်မခံသောမင်းသားက
စောက်ရူးမဟုတ်ပါ ... ရေးသားသောသူသာ ဖွန်ကြောင်၊ သူဋ္ဌေးသမီးမျိုးကိုအချောင်လိုချင်၊ မိန်းမထဘီနားခိုစားချင်သော ပိုင်းလုံးမျိုးသာဖြစ်ပါ၏။
အချစ်မှာ ဆင်းရဲချမ်းသာမရှိဆိုသည့် သဘောကိုကိုရီးယားကားများက ပြသနေ၏။
အဲဒီတော့ ဘာမဟုတ်တဲ့သေးသိမ်တဲ့ တစ်ဖက်သတ်အမြင်နဲ့  ကိုရီးယားကားတွေလူကြည့်များတာကို မစ္ဆရိယတွေပွားခြင်းဖြင့် အချိန်ကုန်ခံမည့်အစား၊ ကိုယ့်မြန်မာကားတွေသိပ်ချစ်တယ်ဆိုရင်လည်း အောင်မြင်အောင်ကြိုးစားဖို့ တိုက်တွန်းချင်ပါ၏။
ဒါပါပဲ ... ရှင်းတယ်နော်