Senator wins release of US man in Insein prison

အမေရိကန် အမတ် ယက်တောကို ကယ်ထုတ်
AP သတင်းဌာန
သြဂုတ် ၁၅၊ ၂ဝဝ၉

လွှတ်တော်အမတ်က မစ္စတာ ဂျွန်ယက်တောကို သူနှင့်အတူ ခေါ်သွားမည်ဟု ဆိုသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက် (Jim Webb) သည် ထောင် ၇ နှစ် ကျနေသော မစ္စတာ ယက်တော လွတ်မြောက်ရေးအတွက် စွမ်းဆောင်နိုင်ပြီဟု လွှတ်တော်အမတ်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မစ္စတာ ယက်တော (အသက် ၅၃ နှစ်) သည် မနက်ဖန် တနင်္ဂနွေနေ့တွင် ပြည်နှင်ဒဏ် ပေးခံရမည် ဖြစ်သောကြောင့် စစ်လေယာဉ်တစီးဖြင့် ဘန်ကောက်သို့ ရောက်ရှိမည်ဟု အင်တာနက် စာမျက်နှာရှိ ကြေညာချက်တွင် ရေးထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယနေ့ တွေ့ဆုံရာတွင် အထက်လွှတ်တော်အမတ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့သည် ဟုလည်း ကြေညာချက်တွင် ရေးထားသည်။

ဗိုလ်ချုပ်မှူးကြီးက အမေရိကန် အကြီးတန်း အရာရှိတဦးနှင့် တွေ့ဆုံခြင်းမှာ ဤအကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“အနာဂတ်ကာလ ယုံကြည်မှု တည်ဆောက်ရေး၊ ချစ်ကြည်ရင်းနှီးမှု အုတ်မြစ်ချနိုင်ရေးတို့အတွက် ဤအခြေအနေများကို အခွင့်ကောင်းအဖြစ် အသုံးပြုနိုင်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်” ဟု ကြေညာချက်က ဆိုသည်။

လွှတ်တော်အမတ်၏ ခရီးစဉ်သည် ကြမ်းကြုတ်သည့် စစ်အုပ်စုကို တရားဝင် အသိအမှတ် ပြုရာ ရောက်ကြောင်း ဝေဖန်သံများလည်း ထွက်ပေါ်ခဲ့သည်။

မစ္စတာ ဂျင်ဝက်သည် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၊ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

Comments