Shwe Phone Lu - Great Expectation

မျှာ်

ရွှေဘုန်းလူ

သြဂုတ် ၅၊ ၂၀၀၉

မန်မာပြည် ငြိမ်းချမ်းပါစေ

သွးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

အမေတွေမျှော်မှာ သိရက်နဲ့

အိမ်အပြန်ခက်သော သားများ

ပျာက်ဆုံးသွားတာ

ကာလကြာပြီ။

ပိတ်မသွားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

ဒါင်းရုပ်ကလေးတွေ သားငယ် ဆွဲလို့

မမေလည်း

မျက်ရည်စို့ကာ မျှော်ရော့မယ်။

၁၉၈၈ရဲ

လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ ကမ္ဘာမကြေဘူး

ဘီလူးတခေတ်ဒါင်းတခေတ်။

တနေ့နေ့လေ

မသေသေးရင် ပြန်လာချင်တယ်

ရင်မှာထွေးလို့ ကြိုပါမေမေရယ်။

ခုတော့

ဗမာပြည် ငြိမ်းချမ်းပါစေ

သွးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

(သြဂုတ်လ ၅ ရက် ၊ တာရာမင်းဝေကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရ)

Comments