ဘုရားသခင်ရဲ့မီးအိမ်
ဆွန်း
သြဂုတ် ၁၂၊ ၂၀၀၉
ကိုယ့်အညွန့်ကို ကိုက်ဖြတ်ပြီး
ဒီအလင်းကို ညှိဖို့
ဘုရားသခင် ဖန်ဆင်းလွှတ်လိုက်တဲ့
“မီးအိမ်တွေ” ။
မြုံနေတဲ့မီးတောင်တစ်ခုရဲ့ အတွင်းသားတွေလို
တပွက်ပွက် လှိုက်ဆူနေတဲ့ ပရိဒေ၀တွေ
ငြှိမ်းသတ်ဖို့
အိမ်ကြက်ချင်း အိုးမည်းသုတ်ထားတဲ
ညီအကိုချင်း သွေးဆာနေတဲ့ လူသတ်
ဟန့်တားဖို့ …
တောင်လိုပုံနေတဲ့ ၀ိဉာဉ်တွေရဲ့
ချောင်းလိုစီးနေတဲ့ သွေးစိမ်း
ဖြည့်ဆည်းဖို့ …
မျက်ရည်ပူတွေ ပိန်းပိတ်နေတဲ့ အမေ့အငေး တွေနဲ့ …
သန်းကောင်ယံမှာ အံကြိတ်နေရတဲ့ အဖေ့အတွေးတွေကို
ချွေးသိပ်ဖို့
မြင်လည်း မသိတဲ့အကြည့်တွေနဲ့…
စွင့်လျှက်မကြားတဲ့ နား အစုံစုံ
ကယ်တင်ဖို့ …
ကိုယ့်ဝမ်းတောင် ကိုယ်မသထာနိုင်ေ
ဇောချွေးဒီးဒီး ကျနေတဲ့ ဘ၀မောတွေ
ဖေးကူဖို့ …
ကိုယ့်အဆုတ်နဲ့ကိုတောင် အသက်ရှုသံ မပြင်းဝံ့လောက်အောင်
ကိုယ့်အရိပ်ကို ရန်သူထင်နေကြတဲ့စစ်ဖိနပ်တွေေေ
လွတ်မြောက်ဖို့ …
ဆန္ဒအမှန်ဆိုသမျှကို သိုဝှက် သိမ်းထုတ်ထားရတဲ့
သေနပ်ပြောင်းဝကစိတ် အသေတွေကို
လှုပ်နိုးဖို့ …
ဘာမှ မရေရာတော့တဲ့ ရေစုန်မျော အနာဂါတ်တွေနဲ့
ဇွတ်အတင်း ပုံဖေါ်နေကြတဲ့ ကိုယ်
နင်းချေ ဖို့ …
ထိပ်ဆုံး တန်းဝင် ဆင်းရဲမွဲတေမှုတွေနဲ့
ရေပေါ်ဆီ ရုပ်လုံးပြလမ်းစဉ်ေ
မီးတိုက်ဖို့ …
လိုရင်လိုသလို ပြန့်ကား ပစ်နိုင်ြ
မှောင်ချင်ရာကို မှောင်မိုက်ထာ
စိတ်တွင်းဖြစ် ဥပဒေသတွေကို
သင်္ဂြိုလ်ဖို့ …
တဖြည်းဖြည်း ညှိုးရော်လာတဲ့…
အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေအရောင်တက်ဖို့
ဝါးအစည်းပြေသလို ပြေကျနေရတဲ့
အမျိုးသားဆက်ဆံရေးတွေ ညီညွတ်ဖို့
အဖဗမာပြည်ကြီးရဲ့ ကောင်းကင်က
ယမ်းခိုးဝေနေတဲ့တိမ်ဆိုင် တိ
အဖဗမာပြည်ကြီးရဲ့မြေသားက
သွေးနံ့ညှီနေတဲ့ လမ်းမကြီးတွေကို
ဆေး ကြော ဖို့
သူတို့ …
လာ ခဲ့ တယ်။
သူတို့မှာ …
သူတို့ နှလုံးအိမ်နဲ့ မဆန့်ရင်ကာ
ဒါဏ်ရာဒါဏ်ချက်တွေ ရရှိထားကြတယ်
သူတို့သွေးကြောတွေ ထဲမှာ
ပူနွေးနီရဲနေတဲ့ အမျိုးချစ်စိ
သူတို့ ဦးဏှောက်တွေထဲမှာ
ဘယ်လိုအလိုရမ္မက်မှ စွန်းထင်း
အမှားတွေကို မလိုချင်ခြင်းအဖြူ
သူတို့မျက်ကြည်လွှာမှာတော့
နိုးကြားတက်ကြွတဲ့ ထက်မြက်ရဲရင့်တဲ့
အနစ်နာခံခြင်း စိတ်ရောင်ခြည်တွေ
သူတို့လား …
ကိုယ့်အညွန့်ကို ကိုက်ဖြတ်ပြီး
ဒီအလင်းကိုညှိဖို့
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…
“မီးအိမ်တွေ” ။ ။
(ဒီမိုကရေစီတိုက်ပွဲအတွင်းတွ
Comments