မျှော်လင့်ချက်သယ်ဆောင်လာတဲ့ မေရီ
ကျော်ကျော်
သြဂုတ် ၂၃ ရက်၊ ၂၀၀၉
စည်ကားလှတဲ့ပွဲတော်ကိုကြည့်ပြီး ရုတ်တရက်တွေးမိတာက ရိုမင်ကက်တလစ်ဘာသာဝင်တွေရဲ့ မယ်တော်မေရီ (Virgin Mary) ပြန်လည်ရှင်သန်ပြီး ကောင်းကင်ဘုံကိုရောက်ရှိသွားတဲ့ နေ့ထူးနေ့မြတ်ကို ကျင်းပနေတယ်လို့ထင်ပါတယ်။ တကယ်တော့ သြဂုတ် ၁၅ နေ့မှာ သီရိလင်္ကာနိုင်ငံ ကက်တလစ်ဘာသာဝင်များက နှစ်သက်တမ်း ၅၀၀ ကျော်ရှိ မယ်တော်မေရီရုပ်ထု ဟာ ၂၅ နှစ်ကြာခဲ့တဲ့ ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ရပြီး အပျက်အစီးမရှိပဲ မူလတည်ထားရာ ဘုရားကျောင်းကို ပြန်ရောက်လာခြင်း အထိမ်းအမှတ်ပွဲတော်ကို ကျင်းပနေတာဖြစ်ပါတယ်။
မေရီရုပ်ထုထားရှိတဲ့ ဘုရားကျောင်းဟာ မြို့တော် ကိုလန်ဘို(
၂၀၀၈ နှစ် ဧပြီလ မှာ သီရိလင်္ကာစစ်တပ်က မာဒူကို ထိန်းသိမ်းနိုင်ပြီး ၂၀၀၉ နှစ် မေ လမှာတော့ ထမီးကျားအဖွဲ့ လုံးဝကျရှုံးခဲ့ပြီး ပြည်တွင်းစစ်လည်း တခန်းရပ်ခဲ့ပါတယ်။
ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး သီရိလင်္ကာမှာ မေရီကို ကိုးကွယ်သူများလည်း မနည်းပါဘူး။ ခရစ်ယာန်ဘာသာဝင်ဟာ နိုင်ငံလူဦးရေရဲ့ ၇ ရာနှူံးသာရှိပေမဲ့ မေရီရုပ်ထုတည်ရှိရာဘုရားကျောင်းကို လာရောက်ဖူးမျှော်တာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ထမီး ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်ပါတယ်။ စစ်ပွဲပြီးဆုံးသွားတဲ့အတွက် ယခုပွဲတော်ဟာ ဘာသာစုံအားလုံးတက်ရောက်ကြတဲ့ ရှားပါးတဲ့ အခွင့်အရေးတခုလည်းဖြစ်ပါတယ်။
ပွဲတော်ရက်နီးကပ်လာတာနဲ့ ဘုရားပွဲလာသူပေါင်း ၅ သိန်းခန့်က မာဒူရွာလမ်းတလျှောက် စစ်ဆေးရေးဂိတ်၊ စစ်အတွင်းပျက်စီးနေတဲ့အိမ်များ၊ စစ်ဘေးဒုက္ခသည်စခန်းများ၊ ယခင်က မြေမြုပ်ဗုံးသတိပေး ဆိုင်းဘုတ်နီများကို ဖြတ်သန်းပြီး ဗင်ကား၊ ကုန်တင်ကား၊ သုံးဘီးကားများနဲ့ ရောက်ကြပါတယ်။ ဘုရားကျောင်းအနီးအ၀ိုက် ရောက်တာနဲ့ ဆုတောင်းသံ၊ ဓမ္မတေးသံများ အဆက်မပြတ်ကြားနေရပါတယ်။ မေရီရုပ်ထုတင်ထားတဲ့ပလ္လင်ကို လက်နဲ့ထိတွေ့ဖို့ ရှည်လျားလှတဲ့လူတန်းကြီးက တဖြည်းဖြည်းရွေ့နေတာကို မြင်နေရပါတယ်။
အမြင့် ၂ ပေရှိတဲ့ မေရီရုပ်ထုဟာ မူလက အိန္ဒိယနိုင်ငံမှဖြစ်ပြီး ၁၅၀၀ နှစ်မှာ သီရိလင်္ကာနိုင်ငံကို သယ်ယူလာတယ်လို့ ယူဆကြပြီး အန္တရာယ်မှကာကွယ်မှုပေးနိုင်တဲ့အစွမ်းကြောင့် ထင်ရှားလူသိများခဲ့ပါတယ်။ ဘုရားကျောင်းဟာ ပြည်တွင်းစစ်အတွင်းက အပျက်အစီးလုံးဝမရှိဘဲ လူပေါင်းများစွာ ၀င်ရောက်ပုန်းအောင်းခိုလှုံရာနေရာ ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ နှစ် ဧပြီလမှာ မာဒူရွာကို အစိုးရစစ်တပ်က၀င်လာတော့ အထက်ဘုန်းတော်ကြီးများရဲ့ အမိန့်အတိုင်း မာဒူရွာက တရားဟောဆရာများက မေရီရုပ်ထုကို ဗုံးဒဏ်များ၊ မိုးများအကြားမှာ သယ်ယူရွေ့ပြောင်းခဲ့ပါတယ်။ “ဘာဆိုဘာမှ မဖြစ်ဘူး၊ ရုပ်ထုက နဂိုပကတိအတိုင်းပဲ၊ ဘာမှအပျက်အစီး မရှိဘူး၊ ကျနော်တို့ တောက်လျှောက်သယ်ပြေးနေတာပဲ” ဟု ဘုရားကျောင်းတာဝန်ခံ သိက္ခာတော်ရ Emilianuspillai က ပြောပြပါတယ်။
မာဒူဘုရားကျောင်းဟာ အရင်တုန်းက ဖျက်စီးခံရမလို ဖြစ်ခဲ့ပါတယ်။ ၁၇ ရာစုလောက်က ဒတ်ခ်ျလူမျိုးများက ပေါ်တူဂီလူမျိုးတွေ သယ်ယူလာတဲ့ ကက်သလစ်ဘာသာကို ဖျောက်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မယ်ရီရုပ်ထုကို လျှို့ဝှက်စွာ ၀ှက်ထားရာမှ သတင်းပျောက်ခဲ့ပြီး ၁၆၇၀ ခုနှစ်မှာ သစ်ဖြတ်တဲ့သူတယောက်က သစ်ပင်ပည်စင်တခုထဲမှာ ထူးဆန်းစွာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဘုရားကျောင်းထဲမှာ ဘုရားဖူးသူများက မေရီရုပ်ထုဟာ သီရိလင်္ကာတနိုင်ငံလုံးအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ “ဘာသာပေါင်းစုံကလူတွေ ဒီပွဲတော်ကို လာကြတယ်” ဟု ဗုဒ္ဓဘာသာဘုန်းကြီးတပါးက ပြောပြပါတယ်။ မေရီရုပ်ထုကို ဖူးတွေ့ကြတဲ့အခါ လူများစွာ မျက်ရည်ကျကြပါတယ်၊ တချို့မိဘများက သူတို့ရဲ့ ကလေးငယ်များကို ပုခုံးပေါ်ထမ်းတင်ပြီး ရုပ်ထုကို ကြည့်စေကြပါတယ်။ “မယ်တော်မေရီဟာ ကျနော်တို့ကို တစုတစည်း ပြန်လည်ဖြစ်စေပါတယ်၊ ကျနော်တို့အတွက် မျှော်လင့်ချက် ပေးခဲ့ပါတယ်” ဟု စစ်ပွဲအတွင်း သားနှစ်ဦးဆုံးရှုံးခဲ့တဲ့ အသက် ၇၀ အရွယ် ထမီးလူမျိုး Singarayan Celestine က ပြောပြပါတယ်။ “ကျနော်တို့ အတူတကွ နေထိုင်ကြဖို့ ကျနော်တို့ပေါ်မှာပဲ မူတည်ပါတော့တယ်” လို့ သူက ဆက်လက် ပြောသွားပါတယ်။
ပြည်တွင်းစစ်ပြီးဆုံးသွားတာကြောင့် သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အထူးစောင့်ကြည့်ခံနေရတဲ့ နိုင်ငံဖြစ်နေပြီဟု စင်ကာပူအခြေစိုက် HSBC ကုမ္ပဏီမှ စီးပွားရေးပညာရှင် Prakriti Sofat က ပြောပါတယ်။ နိုင်ငံတကာမှ ကူညီထောက်ပံ့ငွေများ စုစုပေါင်း ဒေါ်လာ ၃ ဘီလီယံခန့်ကို ၃ နှစ်အတွင်း ရရှိမှာဖြစ်ပြီး စစ်အတွင်း ပျက်စီးခဲ့တဲ့ဒေသများရဲ့ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီး စတာတွေမှာ အသုံးပြုမယ်လို့ အစိုးရက ပြောဆိုပါတယ်။ ယခုနှစ်အတွင်းမှာပင် နိုင်ငံခြားရင်းနှီးမှု ၂၀ ရာခိုင်နှူံးခန့် မြင့်လာပြီး အထူးသဖြင့် ကွန်ပြူတာနဲ့ ဆက်သွယ်ရေးနယ်ပယ်မှာဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း သီရိလင်္ကာအတွက် နှစ်စဉ်ချေးငွေကို ဒေါ်လာသန်း ၃၀၀ ထိတိုးမြှင့်သွားမယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
(၂၀၀၉ နှစ် သြဂုတ်လ ထုတ် TIME မဂ္ဂဇင်းမှ ဆောင်းပါးကို ကိုးကားပါတယ်။)
Comments