ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာအယ်ဇရာပေါင်း
သစ်ကောင်းအိမ်
သြဂုတ် ၅၊ ၂၀၀၉
ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် …
ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါပြေးလမ်းတွေတော်တော် မောပမ်းနေမှာပဲ
အားနာတယ် …
ကိုယ် ဖော့ခဲ့တယ်
ငါ့ကျောကို ထမ်းထားရတဲ့ရေပြင်ကြီး
သူ့ပုခုံး လေးလံနေမှာပဲ
အားနာတယ် …
အာဏာရှင်စနစ်မှာ
ဝရမ်းပြေးဖြစ်ပြီး
အရင်းရှင်စနစ်ထဲမှာ
ငယ်သံပါအောင်အလန်းမြည်နေရတဲ့
နာရီတလုံးကို
အားနာတယ် …
အလို…
ခေတ်ကြီးကိုယ်နှိုက်ကိုက
မိန်းမတယောက်ရဲ့ထမီနား
ခိုစားလို့ပါလား …
ဘ၀ဆိုတာ ကတော့
အမေရိကား ကနေ
သခင်ကိုယ်တော်မှိုင်း ဖြစ်ချင်လို့ မရသလို
ပရိုပိုဆယ် တောအုပ်ထဲမှာလည်း
ချေဂွေဗားရား လုပ်လို့တော့ မရဘူးပေါ့ကွာ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဝိုင်းရံဖို့ မပြောနဲ့
အုတ်လမ်းမှတ်တိုင် တောင်
ဘယ်နေရာရှိမှန်းမသိတဲ့ ကောင်ပါ
ဒီနေ့တော့ …
လူသန်းပေါင်း ခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ်။ ။
(၁၂၊ ဇူလိုင်၊ ၀၉)
မနော်ဟရီရဲ့ ကဗျာပြပွဲကနေ ယူလာတယ်။
ဘယ်သူထံက ခွင့်မတောင်းတာ ခွင့်လွှတ်ပါ
Comments