
ငွေပေးမှ ဒစ်ဂျစ်တယ်ဖုန်းလိုင်း ဦးစားပေး သွယ်တန်းပေး
မိုးမခအထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၉၊ ၂၀၀၉
မော်မြိုင်မြို့ရှိ ယခင်အနာလော့ဂ် တယ်လီဖုန်းလိုင်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲတပ်ဆင်ရာတွင် မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများက ငွေ သိန်းနှင့်ချီပေးသည့်သူများ
သြဂုတ်လ ၁ရက်နေ့မှစတင်ပြီး မော်လမြိုင်မြို့ရှိ ၂၁...၂၂...၂၃... တို့ဖြင့်စသည့် အနာလော့ဂ် Analogue စနစ် ဖုန်းလိုင်း ၃ထောင်နီးပါးကို မြန်မာ့ဆက်သွယ်ရေး တွင်ကျပ်ငွေ ၄သိန်းတရားဝင်ပေးသွင်းပြီး ဒစ်ဂျစ်တယ်စနစ်လိုင်းများ အဖြစ်သို့ ပြောင်းလဲပေးရာတွင် ငွေပေးသူများကို အရင်သွယ်တန်းပေးပြီး ငွေမပေးနိုင်သည့်သုံးစွဲသူများ
“စီးပွားရေး အချက်အချာမကျတဲ့ မောင်ငံရပ်လိုမျိုးမှာတော့ အစီအစဉ်တိုင်း တပ်ဆင်ပေးတာတွေ့ပေမယ့် အခုဈေးကြီးရပ်ကွက်မှာတော့ စီးပွားရေးလုပ်ကိုင်တဲ့ ဧရိယာဆိုပြီး အရင်သွယ်စေချင်ရင် လာဘ် သို့မဟုတ် လိုင်းကြေး သို့မဟုတ် စေတနာကြေး ဆိုပြီး ၁ သိန်းကျော်တောင်းတယ်။ ပေးနိုင်တဲ့သူတွေတော့ နယ်မြေတခုထဲမှာတင် သွယ်လို့ ပြီးကုန်ပြီး မပေးသေးတဲ့သူတွေဆို လမ်းတလမ်းထဲတင် ၂ပတ်ကျော် ၃ပတ်ထဲဝင်တဲ့အထိ မရသေးဘူး” ဟု အောက်လမ်းမကြီးတွင် နေထိုင်သူတဦးက ပြောဆိုသည်။
ယခင်ကတည်းက မော်လမြိုင်မြို့တွင် ဖုန်းလိုင်းပျက်ခြင်းအတွက် ကျပ်ထောင်နဲ့ချီပြီးလည်းကောင်း၊ ဖုန်းလိုင်းများ လိပ်စာရွှေ့ပြောင်းခြင်းတို့အတွ
ထိုသို့ ဖုန်းလိုင်းပျက်ခြင်း ၊ ဆက်သွယ်ရေး ၀န်ထမ်းများ ငွေကြေးမတန်တဆ တောင်းခံသည်ကို ပေးနိုင်မှ လိုင်းပြင်ပေးခြင်းတို့ကို ပြည်တွင်း သတင်းဂျာနယ်များတွင် ဖေါ်ပြရန်ကြိုးစားသော်လည်း စာပေစိစစ်ရေးမှ အစဉ်အမြဲဖြတ်တောက် ဖြုတ်ပစ်လျက်ရှိသဖြင့် မြို့ခံများက မြန်မာဘာသာဖြင့် လွှင့်သည့် ပြည်ပအခြေစိုက် ရေဒီယိုများသို့ အဖြစ်အပျက်များကို ရင်ဖွင့်ပြောဆိုလိုကြသည်ဟုလည်း မော်လမြိုင်မြို့ခံ များကပြောဆိုသည်။
မော်လမြိုင်မြို့တွင် လိုင်းဖုန်းဟုခေါ်ဆိုသည့် ကြိုးသွယ်တန်းသည့် ဒစ်ဂျစ်တယ် ဖုန်းလိုင်းတလိုင်းကို ပြင်ပပေါက်ဈေး ကျပ်သိန်း ၃၀ ကျော် ၀န်းကျင်ထိ ဈေးရှိခဲ့သည်ဟု သိရှိရသည်။ မော်လမြိုင်မြို့တွင် လိုင်းဖုန်းအပြင် ဂျီအက်စ်အမ် မိုဘိုင်းစနစ်သုံးနှင့် စီဒီအမ်အေ ကမ်းနီးကမ်းဝေး မိုဘိုင်းဖုန်းများ ပါသုံးစွဲနိုင်သည် ဟုသိရှိရသည်။
Comments