နိုင်းနိုင်းလည်း ကလေးအဖေ ဖြစ်တော့မည်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၄၊ ၂ဝဝ၉
(ဓာတ်ပုံ-Bi Weekly Eleven ဂျာနယ်)
သရုပ်ဆောင် နိုင်းနိုင်း၏ ဇနီးဖြစ်သူ မစန္ဒီချိုက ဒီဇင်ဘာလတွင် မျက်နှာမြင်မည်ဟု စက်တင်ဘာ ၂၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်။ သမီးဦးလေးကို ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံတွင် မွေးဖွားမည်ဟု ဆိုသည်။
မစန္ဒီချိုသည် နယူးယောက်မြို့တွင် မိဘများနှင့် နေထိုင်ပြီး ကျောင်းတက်နေသူ ဖြစ်သော်လည်း ရန်ကုန်တွင် ကလေးမွေးရန် ဆုံးဖြတ်ခဲ့သည်။ မစန္ဒီချို အသက် ၁၈ နှစ် ပြည့်သည့် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီ ၉ ရက်နေ့တွင် ၎င်းတို့ လက်ထပ်ခဲ့ကြသည်။ နာမည်ကျော် မင်းသားချော နိုင်းနိုင်း (အမည်ရင်း တင်ဇော်လတ်) သည် အသက် ၃၁ နှစ် ရှိပြီ ဖြစ်သည်။

Comments