Burmese American Nyi Nyi Aung arrested at Rangoon Airport on 3rd Sept 2009

အမေရိကန်သားခံယူထားသူ မြန်မာလူမျိုး ညီညီအောင် ရန်ကုန်လေဆိပ်တွင်

ထိန်းသိမ်းခံရခြင်းအတွက် မိတ်ဆွေများက စိုးရိမ်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၈၊ ၂၀၀၉

စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် စစ်အုပ်စု၏ ထိန်းသိမ်းခြင်းခံလိုက်ရသည့် အမေရိကန်သားခံယူထားသူ မြန်မာလူမျိုး ကိုညီညီအောင်အတွက် စိုးရိမ်ကြောင်း၊ တရားဝင် ဗီဇာရယူပြီး တိုင်းပြည်သို့ လည်ပတ်ခြင်းကို အကြောင်းတစုံတရာ ထုတ်ဖော်ပြန်ကြားခြင်းမရှိဘဲ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ၎င်း၏အမေရိကန်ရှိ မိတ်ဆွေတို့က ပြောဆိုလိုက်သည်။ ထို့ကြောင့် ၎င်းအတွက် ရန်ကုန်ရှိ အမေရိကန်သံရုံးသို့ တရားဝင်စာရေးသားပြီး ၀ိုင်းဝန်း အကြောင်းကြားကြစေလိုကြောင်း မိတ်ဆွေအချင်းချင်း အီးမေးများနှင့် တိုက်တွန်းထားသည်ဟု ဆိုသည်။

Comments