Burmese politicians' kin set to join new party

ဝန်ကြီးချုပ်ဟောင်းများ၏ သမီး ၃ ဦး ပါတီတခု ဖွဲ့ရန် အသင့်ဖြစ်နေပြီ
AP သတင်းဌာန
စက်တင်ဘာ ၁၅၊ ၂၀၀၉

လာမည့်နှစ် ရွေးကောက်ပွဲဝင်ရေးအတွက် ပါတီတခု ဖွဲ့စည်းထူထောင်ရန် ပြင်ဆင်နေကြောင်း ရှင်းလင်းပွဲနေသော ဦးသုဝေ။(photo: AP)


မြန်မာပြည်၏ ၀န်ကြီးချုပ်ဟောင်း ၂ ဦး၏ သမီး ၃ ဦးက လာမည့်နှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတခု ဖွဲ့စည်း ထူထောင်မည်ဟု နိုင်ငံရေးသမားတဦးက ပြောလိုက်သည်။

စစ်အစိုးရက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ထုတ်ပြန်သည်နှင့် တပြိုင်နက် ဒီမိုကရက်တစ်ပါတီ (Democratic Party) ကို ထူထောင်မည်ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသက် ၇၇ နှစ်အရွယ် ၀ါရင့် နိုင်ငံရေးသမား ဦးသုဝေက ပြောလိုက်သည်။

၁၀ နှစ်ခန့် အကျဉ်းချခံခဲ့ရပြီး ၂၀၀၄ တွင် ထောင်မှ ပြန်လွတ်လာသူ ဦးသုဝေက ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဟု ဆိုသည်။

အတွင်းရေးမှူးများ အဖွဲ့တွင် အဖြစ် ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေ၏ သမီးများဖြစ်သည့် ဒေါ်နေရည်ဗဆွေ၊ ဒေါ်နေခြည်ဗဆွေတို့လည်း ပါဝင်မည်ဟု သူက ပြောသည်။


ဦးနုသည် မြန်မာပြည်၏ ပထမဦးဆုံးသော ၀န်ကြီးချုပ် ဖြစ်သည်။ ၁၉၉၅ တွင် ကွယ်လွန်သည်။

ဦးဗဆွေသည် ၁၉၅၆-၅၇ ခုနှစ် ၀န်ကြီးချုပ် ဖြစ်သည်။ ၁၉၈၇ တွင် ကွယ်လွန်သည်။

Comments

Unknown said…
This comment has been removed by the author.