Daw Suu has low blood pressure

သွေးပေါင်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ဆရာဝန် သွားခွင့်ရ
AP သတင်းဌာန
စက်တင်ဘာ ၂၀၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တွေ့ပြီး ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့သည့် မိသားစု ဆရာဝန်က ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ချိန်ကျနေသည်ဟု ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၏ အဆိုအရ ဒေါက်တာတင်မျိုးဝင်း နှင့် သူ၏ လက်ထောက်တဦး ယနေ့ တနင်္ဂနွေနေ့တွင် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဆရာဝန်က ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးက ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေမယ့် သွေးပေါင်ကျနေတယ် တဲ့” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ထိုသို့ သွေးပေါင်ကျရခြင်းမှာ အစာ အနည်းငယ်သာ စားခြင်း (inadequate diet) ကြောင့် ဖြစ်သည်ဟု ဆိုသည်။

မိသားစု ဆရာဝန် သွားရောက်နိုင်ခြင်းမှာ တလကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဆရာဝန် ပုံမှန် သွားရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းရာ သွားခွင့်ရမည်ဟု မျှော်လင့်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ “ဒါပေမယ့် ဘယ်အချိန်မှာ ဆရာဝန် သွားခွင့်ရမယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး” ဟု ဆိုသည်။

Comments