သတင်းထဲက ဂဏန်းများ၊ တရုတ်သို့ ရေနံ နှင့် ဓာတ်ငွေ့ စတင် သွားမည့် အချိန်
စက်တင်ဘာ ၂၂၊ ၂၀၀၉
စက်တင်ဘာ ၂၂၊ ၂၀၀၉
လာမည့် ၁၄ နှစ်အကြာတွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့များက မြန်မာပြည်အလယ်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြသည်။ ထိုသို့ တင်ပို့ရန် မကွေး၊ မန္တလေး၊ ရှမ်း စသည့် ဒေသများတွင် ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားသော ပိုက်လိုင်းများ စတင်သွယ်တန်းနေသည်ဟု ဆိုသည်။
ပိုက်လိုင်း တည်ဆောက် ပြီးစီးပါက အာရပ်ဒေသမှ ၀ယ်ယူလာသည့် ရေနံ များတင်ဆောင်လာသည့် သင်္ဘောများက ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းတွင် ဆိုက်ကပ်မည်၊ ထိုနေရာမှတဆင့် တရုတ်သို့ ပိုက်လိုင်းဖြင့် ပို့ခြင်းဖြင့် တရုတ်အစိုးရအတွက် စရိတ် များစွာ သက်သာမည် ဖြစ်သည်။
ရခိုင်ဒေသမှ ထွက်သော သဘာဝဓာတ်ငွေ့ကိုလည်း ပိုက်လိုင်းမှတဆင့် တရုတ်သို့ ပို့ မည် ဖြစ်သည်။ ထိုစီမံကိန်းကြောင့် မြန်မာအစိုးရက နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဟု ဆိုသည်။
ဤ မဟာ စီမံကိန်းအတွက် တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာလျက်ရှိသည်ဟု အကဲခတ်တချို့က သုံးသပ်နေသည်။

Comments