ဝိညာဉ်ချစ်သူ အသက် ၅၇ နှစ်အရွယ်တွင် ကွယ်လွန်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၅၊ ၂၀၀၉
Ghost ရုပ်ရှင်ဇာတ်ကားမှ ဒီမီမိုး နှင့် ပက်ထရစ်ဆွေဇီ
Ghost ရုပ်ရှင်ဇာတ်ကားမှ အမျိုးသား သရုပ်ဆောင် ပက်ထရစ်ဆွေဇီ (Patrick Swayze) သည် ကင်ဆာရောဂါဖြင့် ယမန်နေ့က ကွယ်လွန်သွားသည်။ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် နေထိုင်သော ထူးချွန် ထင်ရှားသည့် သရုပ်ဆောင်တဦး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ကမ္ဘာကျော် Ghost ရုပ်ရှင်ဇာတ်ကားသည် မြန်မာနိုင်ငံတွင်လည်း လူကြိုက်များခဲ့သည်။ သူပါဝင်သည့် Dirty Dancing, To Wong Foo, Thanks for Everything! Julie Newmar
ဇာတ်ကားများမှာလည်း အလွန် ထင်ရှားသည့် ဇာတ်ကားများ ဖြစ်သည်။

Comments