ဓါတ်ပုံသတင်း၊ မိုးမခ အထောက်တော် (ရန်ကုန်)
ဖွင့်ပွဲ တွင် သီချင်းဆိုနေသော ချစ်သုဝေ
ယမန်နေ့က မြန်မာနေရှင်နယ်လိဂ် ဘောလုံး ဒုတိယအကြိမ် ပတ်လည် အမှတ်ပေးပြိုင်ပွဲများကို မန္တလေး မြို့မှ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့မှာလည်း ဒီနေ့ ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်။ ယခုတကြိမ် ပြိုင်ပွဲများကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ မျှပြီး ကျင်းပမယ်လို့ ကြေငြာထားပါတယ်။ ယခုတကြိမ် ပြိုင်ပွဲများမှာ အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ အရေအတွက်လည်း ပထမအကြိမ်ထက် များပြားပါတယ်။
မိုးတဖွဲဖွဲ ရွာနေတဲ့ ရန်ကုန်မြို့ရဲ့ ညနေစောင်းမှာ ဒယ်လ်တာ ယူနိုက်တက်နဲ့ ရန်ကုန် ယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဒယ်လ်တာ ယူနိုက်တက်က အနိုင်ရသွားပါတယ်။
မင်းသားမင်းသမီး အဆိုတော်တွေနဲ့ ဖွင့်လှစ်တဲ့ပွဲကို လာရောက်ကြည့်ရှုသူ ယခင်ထက် နည်းပါးလှပါတယ်။
ဖြူဖြူကျော်သိန်း သီဆိုစဉ်
စက်တင်ဘာ လမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် နေ့ရက်တွေ များပြားတာကြောင့် အဆိုပါ နေ့ရက်များကို ဘောလုံးပြိုင်ပွဲများနဲ့ အာရုံပြောင်းဖို့ ပွဲစဉ်တွေရေးဆွဲ သလား ဆိုပြီး လေ့လာ အကဲခတ်သူတချို့က ပြောဆိုပါတယ်။
နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေတင် အလောင်းအစားလုပ်ကြတာ မဟုတ်တော့ပဲ ယခုအခါ ပြည်တွင်းပွဲတွေကိုပါ အလောင်းအစား လက်ခံနေကြလို့ ဘောလုံး အဆင့်အတန်း နိုင်ငံတကာ မီမမီထက် လောင်းကစား မှာတော့ နိုင်ငံတကာ အဆင့် မီပြီလား လို့ကောက်ချက်ချစရာပါ။
ဦးတေဇနဲ့ ဦးအောင်မိုးကျော် (ဂရင်းရွယ်ရယ်ဝီစကီ စပွန်ဆာ)
Comments