မြန်မာနိုင်ငံတွင်း ဗဟိုပြု၍ ငလျင်အလတ်စား လှုပ်ခတ်
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၂၊ ၂၀၀၉
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၂၊ ၂၀၀၉
ယနေ့ နံနက် ၂နာရီ ၉မိနစ် ၁၇စက္ကန့် တွင် ကမ္ဘာအေး မြေငလျင် တိုင်းတာရေး စခန်းမှ မြောက် အနောက်မြောက် အရပ် မိုင် ၂၆၀ အကွာ( မြန်မာနိုင်ငံတွင်း တနေရာ) ကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၅.၆ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်သွားခဲ့သည်ဟု မိုးလေ၀သ နှင့် ဇလဗေဒ ဌာနက ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါ ငလျင်၏ ဗဟိုချက်မှာ ပဲခူးတိုင်း အနောက်ခြမ်းနှင့် ရခိုင်ပြည်နယ် အစပ်ဝန်းကျင် ဖြစ်နိုင်ပြီး ငလျင်လှုပ်သည်ကို သတိပြုမိခဲ့သည့် မြို့များမှာ စစ်တွေ၊ မင်းဘူး၊ မကွေးနှင့် နေပြည်တော်တို့ ဖြစ်သည်ဟု လည်းသိရှိရသည်။
ယခုလပိုင်းအတွင်း ငလျင်လှုပ်ခတ်မည်၊ ဆူနာမီလှိုင်းကြီးမည်၊ မုန်တိုင်းတိုက်မည်ဆိုသည့် ကောလဟလများ မကြာခဏ ထွက်ပေါ်လျက်ရှိသည်။
နောက်ဆက်တွဲသတင်း
AP သတင်းဌာန၏ သတင်းပို့ချက်အရ ရေနံချောင်းမြို့နယ်၊ အုန်းပွဲတော်ကျေးရွာရှိ ရှေးဟောင်းစေတီ ၂ ဆူ ပြိုကျခဲ့သည်ဟု သိရသည်။
ထိုစေတီ ၂ ဆူမှာ ၁၁ ရာစုက တည်ဆာက်ခဲ့သည်ဟု ယုံကြည်ရသည်။

Comments