
မိုးမခ၏ အသိမိတ်ဆွေတို့ အယ်လ်အေတွင် “မိုး” အမှတ်တရလက်ဆောင်ဆိုင် ယနေ့ဖွင့်လှစ်ပြီ
မိုးမခရွာဆော်ကြီး
စက်တင်ဘာ ၉၊ ၂၀၀၉
ယနေ့ ၉ သုံးလုံးနေ့ - ၉ ရက် ၉ လ ၉ ခုနှစ် မှာ မြန်မာမိသားစုတစုက “မိုး” အမှတ်တရလက်ဆောင်ဆိုင်ကလေးတခုကို ကယ်လီဖိုးနီးယား၊ အယ်လ်အေဒေသ၊ အယ်မွန်တီမော်လ်မှာ ဖွင့်လှစ်လိုက်ပါတယ်။
မိုးမခမီဒီယာဝိုင်းတော်သားများရဲ့ အနီးဆုံးမိတ်ဆွေများဖြစ်တဲ့ ကိုကျော်ဝဏ္ဏနဲ့ မိုးချိုသင်းတို့ရဲ့ လက်ဆောင်ပစ္စည်းရောင်းချတဲ့ ဆိုင်ငယ်ကလေးဖြစ်ပါတယ်။ အမျိုးသမီးပရိသတ်အတွက် ဖလ်ထည်အလှဆွဲ ဖက်ရှင်များ၊ ကလေးသူငယ်တို့အတွက် ရေဒီယိုကွန်ထရိုး ကား၊ ဟယ်လီကော်ပတာ ကစားစရာများအပြင် မိသားစု မိတ်ဆွေတို့အချင်းချင်း ပေးချင်စရာ ဖွယ်ဖွယ်ရာရာ ချစ်စရာ လက်ဆောင်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ထူးခြားတာက ဈေးဝယ်ဧည့်သည်တို့ ပျော်ရွှင်စေဖို့အတွက် ဆေးမင်ကြောင်အရုပ်ကလေးများကို ရောင်စုံဆေးတို့နဲ့ ဆေးမှုတ်ချယ်သမှု ပြုလုပ်နိုင်ပါတယ် တဲ့။ ယာယီဆေးမင်ကြောင်ကလေးတွေ ဖြစ်လို့ ရက်အနည်းငယ်မှာ ပျက်ပြယ်သွားမှာပါ။ ဒါပေမယ့် ယခုလူငယ် လူကြီးတွေကြား ခေတ်စားနေတဲ့ အပျော်တမ်းဆေးမင်ကြောင် ထိုးတဲ့ ကစားနည်းကို ဧည့်သည်ပရိသတ်တို့ လမ်းကြုံခဲ့ရင် ၀င်ရောက်ဆင်နွဲနိုင်ပြီ ဖြစ်ပါတယ်။ အရုပ်အရွယ်အစားပေါ်မူတည်ပြီး ဒေါ်လာ ၈ ဒေါ်လာအောက်မှာ အားပေးလို့ ရပါတယ် တဲ့။
မိုးမခရဲ့ ရွာဆော်ကြီးပြက္ခဒိန်ကနေ မိုးမခချစ်သူမိတ်ဆွေ မြန်မာအမျိုးသားတို့ရဲ့ ကိုယ်ထူကိုယ်ထ လုပ်ငန်းများ ထွန်းကားအောင်မြင်စေဖို့ ဆုမွန်ကောင်းတောင်းပေးတဲ့ ကြော်ငြာကလေး ဗျိုးဟစ်လိုက်ပါရဲ့။ အောက်ပါလိပ်စာမှာ အားပေးပါ။
El Monte Mall (Lower Level Unit D-9)
10933 Valley Mall
မနက် ၁၀ နာရီကနေ ည ၇ နာရီအထိ၊ တပတ် ၇ ရက် ဖွင့်လိုက်ပါပြီ … တဲ့။
Comments