New Light & Quick FaceBook on the way


FaceBook အမြန် နဲ့ အလွယ်ဗားရှင်းလာပြီ

တင့်လွင်

စက်တင်ဘာ ၁၂၊ ၂၀၀၉

ဆိုရှယ်နက်ဝပ်ကင်း (မိတ်ဆွေ ကွန်ရက်) အွန်လိုင်း စာမျက်နှာမှာ သုံးစွဲသူအများဆုံး ဖြစ်တဲ့ facebook က အင်တာနက် မြန်နှုန်းနိမ့်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ အဆင်ပြေပြေ သုံးစွဲနိုင်ဖို့ အတွက် facebook Lite လို့ခေါ်ဆိုတဲ့ မြန်မြန်ဆန်ဆန် ပေါ့ပေါ့ပါးပါး သုံးနိုင်မယ့် ဗားရှင်း တမျိုးကို ယခုလမှ စတင် မိတ်ဆက်လိုက်ပါပြီ။

ပုံမှန် facebook မှာတော့ လုပ်ဆောင်ချက် (features and services) တွေပိုမိုများပြားစုံလင်မှာ ဖြစ်ပြီး ယခုအသစ်ထွက်တဲ့ facebook Lite မှာတော့ အဓိက လုပ်ဆောင်ချက်တွေကို ဦးစားပေး ထည့်သွင်းထားတာပါ။

ယခု facebook Lite မှာ သုံးစွဲသူဟာ မိမိရဲ့ wall မှာ ဓါတ်ပုံတင်တာ၊ ဗီဒီယို ဖိုင်တင်တာ၊ events ကြည့်တာ၊ ဖိတ်တာ၊ အခြားသူရဲ့ profile ကိုကြည့်ရှုရာများမှာ နကို ဗားရှင်းနဲ့စာရင် ကန့်သတ်ချက်အချို့ ရှိနေမှာဖြစ်ပါတယ်။

ယခုလို facebook Lite ကိုဘာကြောင့် မိတ်ဆက်ရသလဲ ဆိုရင် လက်ရှိ အချိန်မှာ facebook သုံးစွဲသူ သန်း ၂၅၀ ကျော်အနက် ၇၀ ရာခိုင်နှုန်းဟာ အမေရိကန် ပြည်ထောင်စု ပြင်ပမှ ဖြစ်ပြီး ကမ္ဘာ တ၀ှမ်းမှာ facebook သုံးစွဲသူ အမြန်ဆုံးနှုန်းနဲ့ တိုးပွားနေတဲ့ ဒေသကြီး နှစ်ခုက အရှေ့တောင်အာရှ နဲ့ ဥရောပ တိုက်တို့ဖြစ်တယ်လို့ စာရင်းဇယား များအရသိရပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နေထိုင်တဲ့ သုံးစွဲသူတွေ မြန်ဆန် လွယ်ကူစွာ သုံးနိုင်အောင် ပေါ့ပါးတဲ့ ဗားရှင်း တခုကို ထပ်မံစီစဉ်လိုက်တာ ဖြစ်ပါတယ်။

အချို့သော ဝေဘန်သူတွေကတော့ ယခု facebook lite ဟာ ၂၀၀၅ ခုနှစ်များဆီက face book စတင်ခါစက စာမျက်နှာ ဖွဲ့စည်းပုံနဲ့ဆင်တူ သွားတယ်လို့ ဝေဘန်ကြပါတယ်။ သို့ပေမယ့်လည်း ယခု facebook lite ကိုအင်တာနက် မြန်နှုန်းနိမ့်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေသာမကပဲ အမေရိကန်နိုင်ငံက သုံးစွဲသူအများအပြားပါ ၀င်ရောက် သုံးစွဲနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

ယခုတလောမှာ ရန်ကုန်မြို့ရှိ ကော်လာဖြူ လုပ်သား (သံရုံးများမှ မြန်မာဝန်ထမ်းများ၊ ကုမ္ပဏီနှင့် သတင်းမီဒီယာ ၀န်ထမ်းများ) အကြား facebook သုံးစွဲမှု သိသာစွာ များပြားလာနေပြီး တဖြည်းဖြည်းနဲ့ လူငယ် တက္ကသိုလ် ကျောင်းသားများ အကြားမှာပါ ပိုမိုသိရှိသုံးစွဲလာနေတာကို တွေ့မြင်ရပါတယ်။

Comments