NLD wants offices reopened

အဖွဲ့ချုပ်က ရုံးခွဲများပြန်ဖွင့်ရေး လိုလား
AP သတင်းဌာန
စက်တင်ဘာ ၈၊ ၂၀၀၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံအနှံ့ရှိ ရုံးခွဲများ ပြန်ဖွင့်လိုကြောင်း အာဏာပိုင်တို့ကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီ ဖြစ်သော်လည်း နိုင်ငံအနှံ့အပြားရှိ ရုံးခွဲများ ချိတ်ပိတ်ခံထားရပြီး လှုပ်ရှားမှု ကန့်သတ်ခံနေရသည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သောကြာနေ့က စာရေး အကြောင်းကြားခဲ့သည်ဟု ရေးထားသည်။

လာမည့်နှစ် ရွေးကောက်ပွဲ အချိန်ဇယားကို မသိရသေးသဖြင့် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို အဖွဲ့ချုပ်က ဆုံးဖြတ်ခြင်း မပြုရသေးပေ။ ဧပြီလ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး အပါအ၀င် တောင်းဆိုချက်များကို လိုက်လျောပါက ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားမည်ဟု ဆိုသည်။

Comments