10th Burmese Literary Talk at the Bay hosted 26th Sept 2009

နောက်ကျနေတဲ့ ဓာတ်ပုံသတင်း - ဆန်ဖရန်ဘေးဧရိယာက စာပေဟောပြောပွဲမြင်ကွင်း

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၄၊ ၂၀၀၉

လွန်ခဲ့တဲ့ စက်တင်ဘာ ၂၆ က ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာစာဖတ်ပရိသတ်အတွက် နှစ်စဉ် ကျင်းပနေကြ စာပေဟောပြောပွဲတခုကို BADA အဖွဲ့က ကြီးမှူးပြီး ၁၀ ကြိမ်မြောက် ကျင်းပခဲ့ကြပါတယ်။ ထူးခြားတာကတော့ အမေရိကန်ကို ရောက်နေတဲ့ စာရေးဆရာမ ၃ ဦးနဲ့ ကျင်းပခဲ့တာပါ။


ထိုင်းနိုင်ငံက ပြောင်းရွှေ့လာတဲ့ ဆရာမ (ဒေါ်) မေငြိမ်း၊

ထိုင်း မြန်မာနယ်စပ်က ကရင်တိုင်းရင်းသား စာရေးဆရာမ၊ ကဗျာဆရာမ (ဒေါ်) ခိုင်မာကျော်ဇောနဲ့

မြန်မာပြည်က စာရေးဆရာအစီအစဉ်နဲ့ ခေတ္တရောက်ရှိနေသူ ဆရာမ (ဒေါ်) ခက်မာတို့က ၎င်းတို့ စာပေနဲ့ ဘ၀အတွေ့အကြုံ၊ အတွေးအမြင်တွေကို ဟောပြောသွားခဲ့ကြပါတယ်။

ဒါ့အပြင် မင်းသုဝဏ် ရာပြည့်အဖြစ် အထူးအစီအစဉ်တခုကို ထည့်သွင်းခဲ့ရာမှာ အခမ်းအနားမှူးအဖြစ် နယ်ခံစာရေးဆရာ (ဦး) ထိန်လင်းက မင်းသုဝဏ်ဂုဏ်ပြုအစီအစဉ်ကို တင်ဆက်ပြီး

နယ်ခံ မြန်မာကလေးငယ် ၂ ဦး ( BADA အဖွဲ့ တာဝန်ခံ ဦးဆောင်သူ (ဦး) ညွန့်သန်း၏ ရင်သွေး ၂ ဦး ဖြစ်တဲ့ ) မောင်ရဲသန်းနဲ့ မစုမြတ်သန်း တို့က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။

၎င်းစာပေဟောပြောပွဲမှာ ၂၀၁၀ အမေရိကန်ပြည်သန်းကောင်စာရင်းမှာ မြန်မာတို့ စာရင်းပေါက်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြဖို့ကိုလည်း အမေရိကန်မြန်မာတွေက တိုက်တွန်းရှင်းပြတာကိုလည်း လုပ်ခဲ့ကြပါတယ်။





Comments