Ashin Sandar Dika in North Carolina

အရှင်ဆန္ဒာဓိက အမေရိကတွင် ခွဲစိတ်ကုသမှု ထပ်မံခံယူ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၂၊ ၂၀၀၉
အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရောက် နာမည်ကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ် ညာဘက် ခြေကျင်းဝတ် နှင့် ခြေဖမိုးတို့ကို ခွဲစိတ်ခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာ ၂၂ ရက်နေ့က ခွဲစိတ်ခဲ့ခြင်း ဖြစ်ပြီး တလခွဲတိတိ ညာဘက်ခြေထောက်ကို လုံးဝ မထောက်ရန် ဆရာဝန်က ညွှန်ကြားထားသည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

အရှင်ဆန္ဒာဓိကသည် လွန်ခဲ့သည့် ၄ လခန့်က မုံရွာမြို့ ဗောဓိတထောင် ဘုရားရှိ ရပ်တော်မူ ဆင်းတုတော်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ခြေထောက် ထိခိုက်သည့် ဒဏ်ရာ ရရှိပြီး မြန်မာပြည်တွင် ကုသမှု ခံယူခဲ့သည်။
ထိုစဉ်က ထိခိုက်ဒဏ်ရာ ရသူများထဲတွင် ကလောင်အမည်“ရဝေနွယ် (အင်းမ)” ဟု ထင်ရှားသည့် အရှင်ရာဇိန္ဒလည်း ပါဝင်သည်။ (ဓာတ်ပုံ - အလင်းတန်းဂျာနယ်)

Comments