Burmese Forum in Australia made decisions for Burma


ဆစ်ဒနီ သြစတြေးလျက ဗမာအရေး လူထုဆွေးနွေးပွဲ ကျင်းပ၊ ဆုံးဖြတ်ချက်များ ချ

မိုးမခအထောက်တော် - ဆစ်ဒနီ

အောက်တိုဘာ ၁၈၊ ၂၀၀၉

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် “အကျဉ်းအကြပ်အနေအထားသို့ ရောက်နေသည့် ဗမာပြည်” ခေါင်းစဉ်ဖြင့် လက်ရှိ ဗမာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့သည်။ (တက်ရောက်သူ ပရိသတ်များ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျဌာနခွဲမှ ကမကထလုပ်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဗမာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် အတူပူးပေါင်း၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ရီဂျင့်ပန်းခြံ လူထုခန်းမတွင် လက်ရှိဗမာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဒေါ်စမ်းစမ်း (အမ်ပီယူ၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်)

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် နိုင်ဖေသိန်းဇြာ (ဥက္ကဋ္ဌ၊ မွန်အမျိုးသားကောင်စီ)မှ “တိုင်းရင်းသား ပြဿနာနှင့် စစ်တပ်အာဏာ” ခေါင်းစဉ်ဖြင့်၎င်း၊ စောလွင်ဦး (နိုင်ငံလုံးဆိုင်ရာဥက္ကဋ္ဌ၊ သြစတြေးလျကရင်အစည်းအရုံး)မှ “ကရင် လက်နက်ကိုင်တော်လှန်ရေးအပေါ် ကရင်တိုင်းရင်းသားတို့၏ ရှု့မြင်ချက်” ခေါင်းစဉ်ဖြင့်၎င်း၊ ပါမောက္ခ ဒေါက်တာ သန်းနိုင် (ဥက္ကဋ္ဌ၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့)မှ “Sanctions and Engagement” ခေါင်းစဉ်ဖြင့်၎င်း၊ ဒေါ်စန်းစန်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဗမာနိုင်ငံ)မှ “လက်ရှိ ဗမာ့နိုင်ငံရေး အကြပ်အတည်းနှင့် ရွှေဂုံတိုင်ကြေညာစာတမ်း” ခေါင်းစဉ်ဖြင့်၎င်း ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆွေးနွေးသူ ပုဂ္ဂိုလ်များ

ယင်း လူထုနှီးနှောဖလှယ်ပွဲသို့ ၈၈ ကျောင်းသားဟောင်းအဖွဲ့၊ ABSDF(Australia)၊ သြစတြေးလျကရင်အစည်းအရုံး၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့ (ဆစ်ဒနီမြို့)၊ Burma Campaign (Sydney)၊ မြန်မာလူငယ်များအဖွဲ့ချုပ် (သြစတြေးလျ)၊ မြန်မာလူမျိုးစု မြန်မာ့အသံ၊ Burma Office နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျ ဌာနခွဲမှ အဖွဲ့ဝင်များ၊ ဦးဆောင်သူများ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်သူ စုစုပေါင်း (၇၀)ဦး ရှိကြောင်း သိရှိရပါသည်။

ပါမောက္ခ ဒေါက်တာ သိန်းနိုင်

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် ၁၉၉၀ရွေးကောက်ပွဲမှ ရွေးကောက် တင်မြောက်ခြင်း ခံခဲ့ကြရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်ထွဋ် (ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်)နှင့် ဦးမောင်မောင်အေး (မန္တလေးတိုင်း၊ အရှေ့မြောက်မြို့နယ် အမှတ်-၁ မဲဆန္ဒနယ်)တို့လည်း ဒေါ်စန်းစန်း (ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဦးနိုင်ဖေသိန်းဇြာ (မွန်အမျိုးသားကောင်စီ)

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ချက် (၄)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ နအဖစစ် အစိုးရအပေါ် လက်နက်တင်ပို့ခြင်း၊ တင်သွင်းခြင်းများအား တကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ဆို့ဟန့်တားသွားရေး ကမ္ဘာ့ကုလသမဂ္ဂမှ ကျင့်သုံးအကောင်အထည်ဖေါ်ရန် အရှေ့တီမောနိုင်ငံ သမ္မတကြီး ဒေါက်တာဂျို့စ်ရာမိုစ့်ဟောတာ၏ တိုက်တွန်း နိုးဆော်ချက်ကို အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ၀မ်းမြောက်ဝမ်းသာစွာ ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဆုံးဖြတ်ချက်များကို အောက်ပါအတိုင်း ချမှတ်ခဲ့ကြပါသည်။

(၁) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ အပါအ၀င် ပြည်သူအပေါင်း၏ အကျိုးစီးပွားကို ရှေးရှု့ခြင်းမရှိသည့်၊ လက်ခံနိုင်ဖွယ်မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ဆုံးဖြတ်ခြင်း။

(၂) ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရန်ရှိသည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲသည်လည်း စစ်အာဏာရှင် စနစ်ကို တရားဝင် အသက်ဆက်ပေးမည့် နအဖစစ်အစိုးရ၏ ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုံ့ချ၊ ကန့်ကွက်ကြောင်း ဆုံးဖြတ်ခြင်း။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်သဘောထားများကို ထောက်ခံ ကြောင်း ဆုံးဖြတ်ခြင်း။

(၄) နအဖစစ်အစိုးရနှင့် ပြည်ပအစိုးရများအကြား ပေါ်ပေါက်လာရန်ရှိသည့် ပိုမိုထိတွေ့ဆက်ဆံမှုရေးမူဝါဒနှင့် ယင်းမူဝါဒပါ လုပ်ငန်းစဉ်များသည် စစ်အစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များသာ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခြင်း။

ဦးစောလွင်ဦး (သြစတြေးလျ ကရင်အစည်းအရုံး)

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ လူထုနှီးနှောဖလှယ်ပွဲသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၀၉ခုနှစ်၊ သြဂုတ်လ(၁၆)ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်းလည်း သိရှိပါသည်။ ဗမာ့နိုင်ငံရေး အခြေအနေများအပေါ် အခြေခံပြီး ဗမာပြည်ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် လူထုအင်အားတရပ် ပြည်ပ တွင် ခိုင်ခိုင်မာမာ ထွက်ပေါ်လာစေရေးကို ရည်ရွယ်၍ လူထုနှီးနှောဖလှယ်ပွဲများကို ဆက်လက်ပြုလုပ် သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရှိရပါသည်။ ။(ဓာတ်ပုံ - မိုးမခ)

Comments

Anonymous said…
i will keep updating and this is excellent forum [url=http://hxgrshoes.co.cc/nike_air_zoom_tw_2009_golf_shoes_white_rocky_nook.html]nike air zoom tw 2009 golf shoes white[/url]
Anonymous said…
[url=http://shoespqto.co.cc/brooks+racer+st+review+ruma.html]brooks racer st review[/url] I like this forum :)
Anonymous said…
This is really good forum i love it a lot [url=http://garagedoorehuz.co.cc/park-city-allside-garage-door.html]allside garage door[/url]
Anonymous said…
This is really good forum i love it a lot [url=http://bxhfgenerator.co.cc/slickville_generaor.html]generaor[/url]
Anonymous said…
[url=http://kjycpapershredder.co.cc/3m-scotch-office-depot-paper-shredder-pelican-rapids.html]3m scotch office depot paper shredder[/url] This is really good forum i love it a lot