GeoCities မပြန်လမ်းသို့ သွားတော့မည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၁၆၊ ၂ဝဝ၉
မြန်မာတို့က GeoCities ကို အသုံးနည်းကြသည်။ သြစတေးလျရောက် မြန်မာတချို့ ဖန်တီးထားသည့်ဟု ယူဆရသည့် အထက်ပါ ABSDF စာမျက်နှာမှာ GeoCities တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၁၆၊ ၂ဝဝ၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAMNGj1jz1C96ejXloUbo9h1UDrzBMtBZ0mCft1EHCPGAoclWOkZ4QBKW9zZad5Bir_ppZ5d6X9MIWSmTCzJvZR6v0-M0u0WZPWU7YvyNryxJkWXfcJl_AiZE60v-Pl1XcQZ5LD_8fy5W/s400/absdf.jpg)
GeoCities အားကိုးဖြင့် ကိုယ်ပိုင်အင်တာနက်စာမျက်နှာ ဖန်တီး မွမ်းမံထားသူများသည် ရေးသားချက်များ၊ ဓာတ်ပုံများကို ပြန်လည် ကူးယူ သိမ်းဆည်းရန် အချိန် ရက်အနည်းငယ်သာ ကျန်ရှိတော့သည်။
အခမဲ့ ၀န်ဆောင်မှုပေးသည့် GeoCities ၀က်ဆိုက်ကို လာမည့် ၂၅ ရက်နေ့တွင် ဖျက်သိမ်းမည်ဟု Yahoo က ကြေညာထားသည်။
“အောက်တိုဘာ ၂၅ မှစပြီး သင်၏ GeoCities စာမျက်နှာများသည် အင်တာနက်မှ လုံးဝ ပျောက်ကွယ်သွားမည်” ဟု Yahoo က သူ၏ ဖောက်သည်များကို ပေးပို့သည့် ကြေညာချက်တွင် ရေးထားသည်။
GeoCities စာမျက်နှာများကို ဆက်လက် ထိန်းသိမ်းထားလိုပါက တလလျှင် ၅ ဒေါ်လာခန့် ဖြင့် ဆက်လက် ၀န်ဆောင်မှု ပေးနိုင်သည်ဟု ဆိုသည်။နောက် တနှစ်တွင် ဈေး ၂ ဆ တက်မည်ဟုလည်း ဆိုထားသည်။
ဤသို့ အဆုံးသတ်တော့မည်ဆိုသည်ကို ဧပြီလကပင် ကြေညာထားပြီး ဖြစ်သော်လည်း အဆုံးသတ်မည့် အချိန်အတိအကျကို ယခုလမှ ထုတ်ပြန်ခြင်း ဖြစ်သည်။
သက်တမ်း ၁ဝ နှစ်ကျော်ရှိသည့် GeoCities ကို မြန်မာပြည်သား အနည်းငယ်ကသာ အသုံးပြုကြောင်း တွေ့ရသည်။ ယခုအခါ မြန်မာပြည်သားများက blogspot ကို အသုံးများကြပြီး GeoCities ကို သိရှိသူ အနည်းသာ ရှိသည်။
နိဋ္ဌိတံတော့မည့် GeoCities သည် အသုံးပြုသူများ မွမ်းမံရ ခက်ခဲသည့် ဘလော့ဂ် တမျိုး ဖြစ်သည်။
ဆောင်ရွက်ရန်လမ်းညွှန်ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော်လည်း အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူများပင် အသုံးပြုရခက်ကြောင်း ညည်းတွားကြသည်။
ထိုသို့ ကိုင်တွယ်ရ ခက်ခဲလှသည့် GeoCities သည် ၁၀ ရက်အတွင်း အင်တာနက်နယ်မြေမှ ပျောက်ကွယ်တော့မည် ဖြစ်သည်။

Comments