Jim Webb cannot help free Nyi Nyi Aung aka Kyaw Zaw Lwin


မြန်မာ့အရေးကူညီချင်သူ အမေရိကန်ဂျင်ဝက် မျက်နှာမလိုက်ရန် ညီညီအောင့်မိတ်ဆွေများက တောင်းဆို

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၄၊ ၂၀၀၉

လွန်ခဲ့သည့် စက်တင်ဘာလဆန်းက စစ်အုပ်စု၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ မြန်မာအမေရိကန်နိုင်ငံသား ကိုကျော်ဇော်လွင် ခေါ် ညီညီအောင်၏ လွတ်မြောက်ရေးကို နှိုးဆော်နေကြသူ ၎င်း၏မိတ်ဆွေများက အမေရိကန်ဆီနိတ်တာ၊ အာရှပစိဖိတ်အရေး တာဝန်ခံ ဂျင်ဝက်ကို မျက်နှာမလိုက်ရန် တောင်းဆိုလိုက်သည်။

လွန်ခဲ့သည့် သြဂုတ်လလည်တွင် ဂျင်ဝက်သည် မြန်မာစစ်အုပ်စုနှင့်တွေ့ဆုံပြီး ဒေါ်စုအိမ်သို့ ကျုးကျော်ဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ယက်တောဆိုသူအား လွတ်ငြိမ်းခွင့် တောင်းဆိုနိုင်ခဲ့သည်။ ၎င်းနောက် ဂျင်ဝက်က မြန်မာနိုင်ငံရေးအကြပ်အတည်းများအတွက် အဖြေရှာပေးနိုင်ရန် ပြောဆိုမှုများ၊ ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုး ကျော်ဇော်လွင် ခေါ် ညီညီအောင် စက်တင်ဘာလဆန်းတွင် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ကိုမူ မည်သို့မျှ တုန့်ပြန်ခြင်း မရှိပေ။ ထို့အတွက် ကိုညီညီအောင်မိတ်ဆွေများက အင်တာနက်၊ ဖုံး၊ အီးမေး စသည့် ဆက်သွယ်ရေး ကိရိယာများ သုံးစွဲပြီး ညီညီအောင်နှင့်တကွ မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံနေရသူများအတွက် ဂျင်ဝက် ဘာလုပ်ပေးနိုင်သနည်း ဆိုသော မေးခွန်းဖြင့် လှုံဆော် ဆန္ဒပြုမှုများ ပြုလုပ်လာသည်ကို တွေ့ရခြင်း ဖြစ်သည်။

ညီညီအောင်မိတ်ဆွေများက ထုတ်ပြန်လိုက်သော ပို့စ်ကဒ်ကလေးကို တင်ဆက်လိုက်ပါသည်။

Comments