ခင်မောင်ရင် တကိုယ်တော် ပန်းချီပြပွဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြတော့မည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၁၈၊ ၂ဝဝ၉
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၁၈၊ ၂ဝဝ၉
ပန်းချီဆရာကြီး ခင်မောင်ရင်၏ the painter i love ဟု အမည်ပေးထားသော ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
လာမည့် တနင်္ဂနွေနေ့မှစပြီး ဆရာကြီး၏ တကိုယ်တော်ပြပွဲကို ချင်းမိုင်မှ မြန်မာပန်းချီပြခန်း သုဝဏ္ဏဘူမိတွင် ၃ ပတ်ကြာ ပြုလုပ်မည် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ပန်းချီပြပွဲ ဖိတ်စာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို ပုံနှိပ်ထားသည်။ ခင်မောင်ရင်သည် ဒေါ်အောင်ဆန်းစုကြည်ပုံများကို အများအပြား ရေးဆွဲခဲ့ကြောင်း သိရသည်။
ခင်မောင်ရင်သည် ၁၉၃၈ ခုနှစ်ဖွား၊ ရန်ကုန်ဇာတိ၊ အောင်မြင်သော ပန်းချီဆရာကြီး ဖြစ်သည်။
သူ၏ တကိုယ်တော် ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီမှ ၉ နာရီအထိ သုဝဏ္ဏဘူမိတွင် ပြုလုပ်မည် ဖြစ်သည်။
ဤအတောအတွင်း သုဝဏ္ဏဘူမိတွင် အောက်တိုဘာလ ၉ မှ အစပြုခဲ့သည့် လူငယ်ပန်းချီဆရာ ကောင်းဆု၏ တကိုယ်တော် ပြပွဲရှိနေသည်။ ကောင်းဆု၏ Paintings and Works on Paper ပြပွဲကို ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့ (ကြာသပတေးနေ့) အထိ ပြသသွားမည် ဖြစ်သည်။

Comments