ရဲချုပ်ခင်ရီ ဓာတ်ပုံဟောင်းများ သတင်းစာတွင် ဖော်ပြ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၈၊ ၂ဝဝ၉
စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သန်လျင်မြို့နယ် ရဲစခန်းတွင် ရိုက်ကူးထားသောပုံကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြလိုက်သည်။
အောက်တိုဘာ ၁ တွင် ရိုက်ကူးထားသော ပုံကိုလည်း အောက်တိုဘာ ၆ တွင် ဖော်ပြထားသည်။ ဗိုလ်မှူးချုပ်ခင်ရီသည် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ခေါင်းဆောင် အပြောင်းအလဲကာလတွင် စစ်ဆေးမေးမြန်းခြင်း ခံရသည်၊ ရာထူးမှ အနားပေးခံရသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ထိုသတင်းများနောက်ပိုင်းတွင် သူ၏ ဓာတ်ပုံဟောင်းများကို သတင်းစာတွင် ဖော်ပြနေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - ကြေးမုံသတင်းစာ)
ဓာတ်ပုံသတင်း
အောက်တိုဘာ ၈၊ ၂ဝဝ၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2r3sq4IrqY1pZ45jM9oMnPKoQcfuxYI1Bi-k5_NnCnEoUD1PLQW2i7bk74OeiilVfDmLJm9NaoJv6eZDwtP8AymsI9FXjzc2Ntjs2evhL3K1WgbGihJ0lk3m1GGTP8C5-62CDRilMnI0U/s400/khin+yee.jpg)

Comments