Lu Bo - Credit Story

နောင်ပေး

လူဗိုလ်

အောက်တိုဘာ ၁၃၊ ၂၀၀၉

(က)

နို့ဖိုးဒုက္ခသည်စခန်းကို ရောက်စ၊ နာမည်လေးကိုကြားစ၊ ထူးထူးဆန်းဆန်းနဲ့ လှလှပပလေးမို့ စိတ်ဝင်စားမိခဲ့။ နောင်ပေး တဲ့။ ဒုက္ခသည်စခန်းသုံးလေးခုမှာ နေခဲ့ဖူးလို့ ဒုက္ခသည်ပါးဝနေပြီပြောနိုင်ပေမယ့်၊ ဒီ နောင်ပေးဆိုတာနဲ့ ကျနော် မနီးစပ်ခဲ့တာအမှန်။ အစပိုင်းဒုက္ခသည်ဘ၀လို့ပြောရမယ့် ထိုင်း၊ ကရင်နီနယ်စပ် နို့ပအားဒုက္ခသည် စခန်းမှာနေခဲ့ ရစဉ်က လူပျိုဘ၀လည်းဖြစ်၊ ABSDF ရဲဘော်ဘ၀လည်းဖြစ်တာမို့ ဒီလိုကိစ္စတွေကို အာရုံမရမိ၊ ဂရုလည်းမထားခဲ့မိလို့ မကြားခဲ့၊ မသိခဲ့ရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဇလား၊ မယ်လာဥ စတဲ့ ဒုက္ခသည်စခန်ုးတွေမှာ နေရချိန်မှာတော့ ABSDF ရဲဘော်ဘ၀ဖြစ်သေးပေမယ့် အိမ်ထောင်သည်ဘ၀၊ ကလေးနှစ်ယောက်ရဲ့ အဖေ။ မိသားစုစားဝတ်နေရေးတွေနဲ့ နပန်းလုံး နေရပြီ။ ဒါလည်း ဒီနောင်ပေးဆိုတဲ့နာမည်ကိုရော၊ အလားတူအဓိပ္ပါယ်ရှိတဲ့ တခြားနာမည်တွေကိုရော မကြုံခဲ့၊ မကြားခဲ့ရ။ ခုမှသာ့  ။

ကိုဝင်းကြိုင်ကတော့ပြောပါတယ်။ ဒါမျိုးတွေက ဟို့း့  မဆလခေတ် သမ၀ါယမဆိုတာတွေ ခေတ်စားနေချိန် ထဲက ရှိနေတာပါ … တဲ့။
( အပြည့်အစုံ ဖတ်ရန် ဒီနေရာကို သွားပါ - http://above-3-or-4-pages.blogspot.com/2009/10/lu-bo-credit-story.html )

Comments