Win Paw Maung - It was raining hard that night

ညက မိုး သဲကြီးမဲကြီး ရွာတယ်
ဝင်းပေါ်မောင်
အောက်တိုဘာ ၂၃၊ ၂၀၀၉
ညက မိုး သဲကြီးမဲကြီး ရွာတယ်
မိုးသဲကြီးမဲကြီး ရွာတယ် ညက
သဲကြီးမဲကြီး ရွာတယ် ညကမိုး
ရွာတယ်ညက မိုး သဲကြီးမဲကြီး

လူတွေ အိပ်ရေးပျက်တယ်
ဖားတွေ တအုံးအုံး တဂွမ်ဂွမ် အော်တယ်

ညက မိုးရွာတယ် သဲကြီးမဲကြီး
မိုး ရွာတယ်သဲကြီးမဲကြီး ညက
ရွာတယ် သဲကြီးမဲကြီး ညကမိုး
သဲကြီးမဲကြီး ညက မိုးရွာတယ်

နေ့ဖို့ညစာ ရှိသူတွေ မိုးရေအစိုခံရတယ်
ကံစားသူတွေ ပုဆိုးခြုံထဲ ကွေးအိပ်ကောင်းတယ်

ညက သဲကြီးမဲကြီးမိုး ရွာတယ်
သဲကြီးမဲကြီး မိုးရွာတယ် ညက
မိုး ရွာတယ် ညက သဲကြီးမဲကြီး
ရွာတယ် ညက သဲကြီးမဲကြီးမိုး

အမိုးကြီးကြီးအောက်မှာ မိုးသံ သေးသေးကြားရတယ်
အမိုးသေးသေးထဲကို မိုးပေါက်ကြီးကြီး ထိုးကျတယ်

ညက သဲကြီးမဲကြီးရွာတယ် မိုး
သဲကြီးမဲကြီး ရွာတယ်မိုး ညက
ရွာတယ် မိုး ညကသဲကြီးမဲကြီး
မိုး ညက သဲကြီးမဲကြီး ရွာတယ်

ညစာရှာသူတွေ မိုးရေစက်ကို ဆဲရေးတယ်
ညစာဝသူတွေ အိပ်မက်မက်ဖို့ ဇွတ်အိပ်တယ်

ညကရွာတယ် မိုးသဲကြီးမဲကြီး
ရွာတယ် မိုး သဲကြီးမဲကြီးညက
မိုး သဲကြီးမဲကြီး ညကရွာတယ်
သဲကြီးမဲကြီး ညက ရွာတယ်မိုး

ချစ်သူနဲ့ ဝေးသူတွေ လွမ်းနာကျတယ်
ချစ်သူနဲ့ နီးသူတွေ သည်းနာကျတယ်

ညက ရွာတယ် သဲကြီးမဲကြီးမိုး
ရွာတယ်သဲကြီးမဲကြီး မိုး ညက
သဲကြီးမဲကြီး မိုး ညကရွာတယ်
မိုး ညကရွာတယ် သဲကြီးမဲကြီး

လေတိုက်တယ်
သစ်ကိုင်းတွေ လှုပ်တယ်
အိမ်ခေါင်မိုးက တဗျစ်ဗျစ် မြည်တယ်
ပြတင်းပေါက်ကြားက မိုးရေစိမ့်တယ်
သဲတွေ ရေစီးထဲ မျောတယ်။

ဒီမနက်
ကောင်းကင် တခုလုံး လင်းချင်းနေတယ်
လမ်းပေါ်က ကျောက်စရစ်တွေ ချေးညော်စင်ပြီး ဖွေးနေတယ်။

Comments